Part 27

11K 1.9K 131
                                    

"စားဦးမှာလား။ထပ်ထုတ်လိုက်မယ်!"

ရိပေါ်အပြောကိုနေကြာစေ့လေးပါးစပ်ထဲထည့်လို့
ရှောင်းကျန့်က ခေါင်းရမ်းပြသည်။မျက်လုံးကတော့
ယွီပင်းပြထားသည့် နိုင်ငံခြားဇာတ်ကားကို
အသည်းအသန် ပြူးပြဲကြည့်လျက်။
လိုင်းသိပ်မမိတဲ့ရွာမို့သူတို့မှာလုပ်စရာသိပ်မရှိဘဲ Phoneလေးတွေဆိုတာဇာတ်ကားတွေ
ကြည့်လိုက၊်ဟိုဆွဲဒီဆွဲနဲ့ဆွဲခံလိုက်ရနှင့်သာ
ပြီးသွားသည်။

"နေကြာစေ့စားပြီးရင် အာခေါင်းခြောက်တယ်။
ငါရေသွားခပ်ခဲ့မယ်"

ရိပေါ်စကားကို ယုန်လေးက ခေါင်းငြိမ့်ခေါင်းခါ
မလုပ်ခဲ့ပေမဲ့ ရိပေါ်ကတော့ ဖင်သွက်စွာ အိမ်ထဲ
ပြေးဝင်သွားလေပြီ။

ချင်းလန်က ရိပေါ်လုပ်သမျှကိုပြူးတူးပြဲတဲ
လိုက်ကြည့်နေရင်းက

"ရိပေါ်အခုတလော တစ်မျိုးကြီးပဲ။ဘာကြောင့်လဲ
ဆိုတာ မင်းသိလား"

"ငါသိမလား။မင်းတို့သူငယ်ချင်း မင်းတို့ဖာသာ
မေးကြည့်ပေါ့"

"အဲ့ကောင် ကြိုက်နေတဲ့ကောင်မလေးဆို
တာတောင်ငါတို့ကိုမပြောပြဘူး"

ချင်းလန်စကားကိုယွီပင်းက ခပ်ဟဟရယ်ရင်း

"မင်းကလည်းကွာ။အဲ့ကောင်လား အတည်တကျ
ကြိုက်မှာ။သူက ကစားရုံသပ်သပ်ပဲ လိုက်ကြိုက်နေ
တာ။"

"ကစားရုံ!"

ရှောင်းကျန့်ရဲ့တွေးဆဆစကားကိုယွီပင်းက
ခေါင်းငြိမ့်ပြုံးပြရင်းသူ့Phoneထဲကဓာတ်ပုံအချို့
ကိုထောင်ပြသည်။

"အဲ့ထဲမှာ ရိပေါ် တွဲခဲ့တဲ့ကောင်မလေးအရေ
အတွက်ရဲ့တစ်ဝက်လောက်ပုံတွေပါတယ်။
ကောင်မလေးတွေကဓာတ်ပုံရိုက်ဖို့ပြောရင်
ငါ့Phoneနဲ့ပဲရိုက်ခိုင်းတာ။သူ့Phoneထဲ
ကိုတော့ဘယ်ကောင်မလေးပုံမှ မ၀င်မခံဘူး!"

ယွီပင်းဖုန်းကို ယူကြည့်မိတော့ တကယ်ကို ရိပေါ်နဲ့
တွဲရိုက်ထားတဲ့ကောင်မလေးတွေ။လှတာထက်ကို
ပိုလွန်းတဲ့ မဒီလေးတွေနဲ့ သကောင့်သားတွဲခဲ့သေး
တာပဲ။

လူ့ပြည်ရောက်မှ ချိုကြွနေတဲ့ ရေနတ်သားကြီး။

"ကောင်မလေးတွေကလှတယ်နော်"

'Love' is in the boxing ring{Completed}Where stories live. Discover now