Part 43

12.3K 1.8K 128
                                    

"သား.....ရှောင်းကျန့်!"

ကိုယ်ထင်ရှားသွားသည်နှင့် သူ့ကိုအပြေးဖက်လာ
တဲ့မယ်တော်နှင့်ခမည်းတော်။အခုထိ တုန်ယင်နေ
ဆဲခန္ဓာကိုယ်နှင့် ခပ်စူးစူးဘယ်ဘက်ရင်အုံကြောင့်
ရပ်တည်နိုင်စွမ်းအနည်းငယ်ယိုင်လဲကုန်သည်။

"သား..ရှောင်းကျန့်။အဆင်ပြေရဲ့လား"

သူ့ကိုပွေ့ချီလို့ အိပ်ဆောင်ကို သယ်သွားတဲ့
နတ်စစ်သူကြီးတွေ။အခုထိ မောပန်းနေဆဲ
ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေသည်ကြောင့်
မယ်တော်က မျက်လုံးပြူး မျက်ဆံပြူးဖြစ်
နေရင်းက...

"ကိုဖုန်းမြင့်...သားဘာဖြစ်တာလဲ"

"ဘာမှမဖြစ်လောက်ပါဘူး။စိတ်လှုပ်ရှား
နေလို့နေမှာ။နတ်ဆေးဆရာပင့်လိုက်"

ခမည်းတော်နဲ့ မယ်တော်စကားသံတွေနားထဲ
လုံးဝတိုးတိတ်သွားခဲ့ပြီး သူ့အာရုံတွေဟာလည်း
အမှောင်ဆီသို့....

🔮🔮🔮🔮🔮

"ဓာတ်သဘောမတူညီလို့ဖြစ်တာပါ။လူ့ပြည်က
ဓာတ်သဘာဝကနေ နတ်ပြည်က ဓာတ်သဘာဝဆီ ရုတ်တရက်ပြောင်းလဲလိုက်ရတာကိုး။စိတ်မပူပါနဲ့။"

ကုတင်ပေါ်မှဖြူလျော့လျော့မျက်နှာလေးကြောင့်
လူကြီးတွေကတော့သက်ပြင်းသာချနေကြသည်။
အပြစ်ကြွေးခံရတဲ့သားလေးကို အလွမ်းသယ်
လို့ပင်မ၀သေးတာကို အခုစိတ်ပူနေရပြီ။
ပေတလူးလေးက တစ်ခါမှ ဖျားတာနာတာ မဖြစ်
ဖူးတာကြောင့် သူတို့အကဲပိုရတာမဆန်းပါ။

"ရိပေါ်ကရော..အဲ့လိုဖြစ်တယ်တဲ့လားဟင်"

"ရိပေါ်ကတော့ မဖြစ်ဘူး။ကိုယ်ထင်ရှားတာနဲ့
ကျန်းကျန်းမာမာပါပဲ။အခုတောင် နတ်နန်းသွားပြီး
ခစားနေပြီကြားတယ်။"

ဖုန်းမြင့်စကားကြောင့်သူမ သက်ပြင်းသာချရင်း
သတိမေ့နေသည့်ရှောင်းကျန့်လက်ဖဝါးလေးကို
ခပ်ဖွဖွလေးဆုပ်ကိုင်ရင်းဆုပ်နယ်ပေးနေသည်။

"ကိုဖုန်းမြင့်....ဒါက"

လက်သူကြွယ်လေးမှာနေရာယူပြီးသား လက်စွပ်
ကလေးက ရှောင်းကျန့်တို့လူ့ပြည်ဆင်းသွား
ရကတည်းက အိတ်ထောင်လေးထဲ ပြန်ရောက်နေ
ခဲ့တာ။အခုများမျက်လှည့်ပြသလို ရှောင်းကျန့်
လက်သူကြွယ်လေးမှာ လှလှပပနေရာယူလို့...

'Love' is in the boxing ring{Completed}Where stories live. Discover now