Part 19

11.5K 2K 109
                                    

"ဘာချက်နေတာလဲ!!"

"ခွေးသားဟင်း..."

"အော်။ဇာတ်တူသားချက်နေတာပဲ!!"

"၀မ်ရိပေါ်!!!"

အော်သံစူးစူးလေးကသူနဲ့ရှောင်းကျန့်တွေ့တိုင်း
ဖြစ်နေကြမို့ ဦးလေးဝမ်တို့ သိပ်အထူးဆန်း
ဖြစ်မနေတော့။

"မင်းမီးဖိုထဲကထွက်စမ်း။
မျိုခါနီးရင် လှမ်းခေါ်လိုက်မယ်!!"

"ဘာလို့အသည်းအသန်နှင်ထုတ်နေတာလဲ။
ငါ့ဘာသာဘယ်နေရာနေနေပေါ့!!"

"အာရုံနောက်လာရင် ဒယ်ပြားနဲ့ မင်းအခွက်ကို
ပြေးကပ်ပစ်မှာနော်!"

"လုပ်လေ။ငါက လက်မပါတာကျလို့!!"

စိတ်လျော့သွားတဲ့ရှောင်းကျန့်က စူပုပ်ပုပ်နှင့်
အရွက်ကြော်တွေကို ဇွန်းကြီးနဲ့ထိုးချေနေသည်။

"နေပါအုံး။အရွက်ကြော်က မသိရင် ၀က်စာကျလို့!!
ဘယ်သူစားမှာမိုလို့အဲ့လောက်ပုံပျက်ပန်းပျက်
ဖြစ်နေရတာလဲ"

"မင်းဦးလေးဝက်မကြီးစားမှာ။!!"

ရှောင်းကျန့်စကားဆုံးသည်နှင့်သတင်းစာ
ဖတ်နေသည့်ဦးလေးဝမ်က ခေါင်းထောင်ကြည့်ရှာသည်။
သူ့ဘ၀က အလုပ်သမား ပြန်ဖိနှိပ်တာ
ခံနေရတဲ့ဘ၀။

"ရိပေါ်။သွားမစနဲ့ကွာ။မင်းစတာက
အရေးမကြီးဘူး။မင်းဦးလေးရော ငါတို့ပါ
တိရစ္ဆာန်လုံးလုံးဖြစ်နေပြီ။!"

ချင်းလန်စကားကို ကောင်လေးက မကြားသလို
သူ့အလုပ်သူဆက်လုပ်နေသည်။သူကတော့လက်နှစ်ဖက်ကို
နောက်ပစ်လို့ထပ်စလို့ရမဲ့ စကားလုံးတွေ
ရှာနေတုန်း။

"မင်းထမင်းတစ်ခါတည်းစားသွားပါလား။"

ထမင်းဖိတ်ခေါ်ကျွေးတဲ့ရိပေါ်ကို ရှောင်းကျန့် ငြိမ်းချမ်းရေးယူစွာခေါင်းရမ်းပြရင်း

"မစားတော့ဘူး။အိမ်ရောက်မှစားမှာ"

"လုပ်ပါ။စားသွားပါ"

"ဘာလို့အဲ့လောက် အတင်းတွေဖိတ်ကျွေးနေတာလဲ"

"စားကြွင်းတွေကျ ကျွေးစရာခွေးမရှိလို့!"

"၀မ်ရိပေါ်!!!!!!!!"

တကယ်ကို သူ့မျက်နှာတည့်တည့်ဆီ
ပျံသန်းလာတဲ့ ဒယ်ပြားကြီးကြောင့်
အလန့်တကြား ခေါင်းကိုငုံ့လို့ရှောင်လိုက်ရသည်

'Love' is in the boxing ring{Completed}Where stories live. Discover now