Chapter-4

27.6K 2.5K 72
                                    

Unicode

ပုဆိုး နက်ပြာရောင်အကွက်နှင့်အင်္ကျီအဖြူ
ရှပ်လက်ရှည်ကိုတွဲကာ ဝတ်ဆင်ပြီး၊
ဘေးလွယ်အိတ် အနက်ကိုလွယ်ကာ
လှေကားမှ ဆင်းလာနေသည်က ကိုကိုပင်။
ကိုကို့ကို မောင် တမေ့တမောငေးကြည့်နေမိ
တာ အံ့အံ့ဩဩ။ကိုကို့ပုံစံက တကယ့်ကိုပင်
ရင်အေးစေသည်။

"မောင်"

ကိုကို့ ခေါ်သံကိုကြားမှ ကပျာကယာပြန်ထူး
ရသည့်အဖြစ်။

"ဟမ် ဟို ဘာဖြစ်လို့လဲ"

"ငါကျောင်းသွားတော့မလို့ သွားပြီနော်"

"ခ..ခဏ ကိုကို"

မောင့်ရဲ့ ကျောင်းuniformဝတ်ထားသည့်
Style pantsနက်ပြာ၊ရှပ်လက်ရှည်အဖြူနှင့်
ကျောင်းတံဆိပ်ပါ နက်ကတိုင်နှင့်တွဲဝတ်ထား
တဲ့ မောင့်ပုံစံကြောင့် ငါ့မှာရင်ခုန်လွန်းလို့
အသက် တောင်ဖြောင့်ဖြောင့်မရှူရဲ။
ရှောင်ထွက်ဖို့ပြင်ကာမှ လက်ကို လာဆွဲထား
တော့ 'ငါသေပြီမောင်ရေ'ဟုပင် စိတ်ထဲမှ
ကြွေးကြော်မိတာ တစ်ခါမက။

မောင့်ကြောင့် ငါ့မှာ ဘာစကားမှလည်း
ပြန်မပြောနိုင်။လက်ကိုဆွဲထားပြီး ငါ့ကို
အလှများ ထားကြည့်နေသလား မောင်ရယ်။
ပြောစရာရှိတာမြန်မြန်ပြောစမ်းပါ။ဒီတိုင်းဆို
ရန်ခုန်လွန်ပြီး ပစ်လဲကျရုံပဲရှိတော့မယ်။

"ကိုကိုက ဘာနဲ့သွားမှာလဲ"

"လိုင်းကားနဲ့ သွားမှာလေ။ငါ့အဆင့်က
ကိုယ်ပိုင် ကားမှမစီးနိုင်တော့တာ။
ကိုယ့်ဘဝကိုယ် သိရမှာပေါ့"

အပြုံးမပျက်ပြောလာတဲ့ ကိုကို့စကားကို
မောင် သဘောမကျ။ကြိုက်လည်း မကြိုက်။

"ကိုကို နောက်တစ်ခါ အဲ့လိုစကားမျိုးမပြောနဲ့"

"ဟမ် ငါပြောတာအမှားပါသွားလို့လား"

"ကိုကို !!"

မောင့်အသံက သိပ်တော့မကျယ်လှ။
အိမ်အပေါက်ဝမှာ လာနားနေတဲ့ စာကလေး
ငှက်တွေ တစ်ချီထဲ ပျံတက်သွားရုံလောက်
လေးပါ။ဘာရယ်ကြောင့်မှန်းမသိ အော်လာသည့်
မောင့်ကြောင့် ကိုကိုလည်း လန့်သည်။

"လန့်လိုက်တာကွာ ဖြည်းဖြည်းအော်စမ်းပါ
မောင်ရာ။ငါပြောတာလည်း အမှားမပါပါဘူး"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now