Chapter-47

14.6K 1.2K 41
                                    

Unicode

ရင်ခွင်ထဲတိုးဝင်လာတဲ့ ကောင်လေးက
တောင်းပန်စကား တဖွဖွပြောလို့။
ဒီလူရင်မှာ ခံစားနိုင်မှာတဲ့လား။

"မောင် ငါ့ကိုခွင့်လွှတ်နော်။
တောင်းပန်ပါတယ်။နောက်ဆို အဲ့လိုတွေ
မလုပ်တော့ပါဘူး။ငါမှားပါတယ် ငါ့ကို
ခွင့်လွှတ်နော်"

"မငိုနဲ့တော့လေ ခေါင်းပိုကိုက်လိမ့်မယ်။
မောင့်ကို တောင်းပန်စရာမလိုပါဘူးဆိုကွာ"

မငိုနဲ့တော့လို့ပြောတော့ လက်ခုံနဲ့
မျက်ရည်တွေကို ဖိသုတ်သည်။
ပါးစပ်ကလည်းပြောသေးတယ်
'မငိုတော့ပါဘူး'တဲ့။ခပ်ရဲရဲနှုတ်ခမ်းသားကို
တစ်ချက်ဖိကပ်နမ်းတော့ ရှိုက်သံလေးလည်း
ထွက်သည်။ဒါ ဝမ်းနည်းနေတာ။

"မောင် ခွင့်လွှတ်တယ်လို့ပြောပြီးပြီးလေ။
စိတ်မကောင်းဖြစ်မနေနဲ့တော့နော်"

"အွန်း.."

"မောင့်ကိုကြည့်ပါဦး နောက်ဆိုလမ်းခွဲ
ဖို့ကို ယောင်လို့တောင် မပြောမိစေနဲ့နော်"

"ငါမပြောတော့ဘူးနော်။ကတိပေးတယ်
ကတိ..ကတိ"

လည်တိုင်ကိုဖက်တွယ်လာပြီး ပခုံးပေါ်သို့
မေးတင်ကာ ချွဲလာသည်။
မတိတထိ မောင့်လည်တိုင်ကိုလည်းနမ်းလို့
စိတ်ကို စွနေသလား။

"မောင် ငါထိုးတုန်းက ဘာလို့ပြန်မထိုးတာလဲ"

"မထိုးရက်လို့ပေါ့ဗျာ"

ပခုံးပေါ် ခေါင်မှီရင်း ငြိမ်ကျပြန်သည်။
​လက်ညှိုးနဲ့ နှုတ်ခမ်းထောင့်မှ ထိုးထားလို့
ညိုမဲနေသည့် ဒဏ်ရာတို့ကို ဖွဖွတို့ထိလာ
သည်။ထို့နောက် နမ်းလာတာလည်းဖြစ်သည်။
ပါးတစ်ဖက်မှာ ခပ်နွေးနွေးအထိအတွေ့ဟာ
ဖျတ်ခနဲ။

"ခေါင်းကိုက်တယ်"

ခပ်ချွဲချွဲလေသံလေးနဲ့ဒီနေ့မှ အပြီအပြင်
ကိုများ ချွဲပြနေသလား။အရက်တွေသောက်
လာလို့ ဆူပစ်ချင်ပေမဲ့ မောင့်မှာမဆူရက်။

"ကိုက်မှာပေါ့ မသောက်ဖူးတဲ့အရက်တွေကို
မတော်မတရားသောက်လာတာကို။
သံပရာရည် ဖျော်ထားတယ် သောက်လိုက်
နော်။မဖြူကိုစွပ်ပြုတ် ပြုတ်ခိုင်းထားတယ်"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now