Chapter-57

13.5K 1.1K 48
                                    

Unicode

လည်ပတ်စရာနေရာတချို့ကို လည်ပတ်ပြီး
သည့်နောက် မောင်တို့လေးယောက်သား
ကလောကို ခရီးဆက်ဖြစ်ကြသည်။
ထင်ရှူးတောအရှေ့တွင်ဆောက်ထားသည့်
အိမ်ငယ်တွင် တည်းမှာဖြစ်သည်။

ကော်ဖီပူပူနှစ်ခွက်ရယ်၊ပြီးတော့ မောင်နဲ့ငါ
ရယ် အရှေ့မှာမြင်နေရတဲ့ ထင်းရှူးတောကို
ငေးကြည့်မိကြရင်း စကားသံတို့ကလည်း
တိတ်ဆိတ်သည်။အတန်ငယ်ကြာပြီးနောက်
မောင့်ဆီမှ စကားသံတို့က မတိုးမကျယ်
ထွက်လာသည်။

"ကိုကို ဒီထင်ရှူးတောကြီးကို ကြည့်နေရတာ
တစ်ခုခုကို လွမ်းဆွေးမိသလိုပဲနော်"

"အင်း အတွေးတွေက လွမ်းဆွတ်စရာမျိုးပဲ"

မောင်က ကော်ဖီကို မှုတ်ပြီး တစ်ငုံသောက်
သည်။ကော်ဖီကို ပထမဆုံးတစ်ငုံသောက်တိုင်း
မျက်လုံးမှိတ် အရသာခံတတ်သည်က
မောင့်အကျင့် တစ်ခုပင်။ယောကျာ်းဆန်ဆန်
မျက်နှာကို ဘေးတစောင်းအနေအထားနဲ့
ကြည့်နေရခြင်းက နှလုံးအိမ်ကိုအကြမ်းပတမ်း
တုန်ခါစေသည်။

"အဲ့လောက်တောင်ပဲ မောင့်မျက်နှာက
ငေးကြည့်လို့ ကောင်းလား"

"အင်း မောင်မို့လို့လေ။ငါချစ်တဲ့ မောင်ဖြစ်
နေလို့"

"ကိုကို"

မောင့်အကြည့်တွေ၊ခေါ်သံတွေကအစ
လေးနက်တည်ကြည်နေဟန်။
မောင့်လက်တွေက ပါးနှစ်ဖက်ကိုလည်း
အုပ်ကိုင်လာသည်။မျက်ဝန်းအိမ်နက်နက်
တို့က လူကိုညို့ငင်နေသလိုပင်။
လူမှာ လေပေါ်ပျံတက်နေသည့်အလား
ရင်ထဲ တလှပ်လှပ်ဖြစ်သည်။

"ဒီလိုလေး..ဒီတိုင်းလေး ငေးကြည့်နေရတာ
တောင် မောင့်မှာလွမ်းနေရတာ။ဒီထင်းရှူးတော
ကို ကြည့်နေမိရင်း မောင်တွေးမိတာတစ်ခုရှိတယ်"

သိလိုစိတ်ဖြင့် ကြည့်လာတဲ့ ကိုကို့ကို ရင်ခွင်
ထဲသို့ ဆွဲသွင်းဖက်ပစ်သည်။လည်တိုင်ကို
နှုတ်ခမ်းဖြင့် နမ်းမိတော့ ကိုကို့ခန္ဓာကိုယ်က
လန့်ဟန်နှင့်တုန်တက်ရှာသည်။

"မောင်တွေးမိတာက အင်း..ဘယ်လိုပြော
ရမလဲ၊ကိုကိုနဲ့သာ မဆုံစည်းခဲ့ကြဘူးဆိုရင်
မောင်ဆိုတဲ့သော်ယံမောင်ရဲ့အနာဂတ်တွေ
ကိုလည်း ရှာလို့တွေ့သေးမှာ မဟုတ်ဘူး။
အခုတော့ လာမဲ့အနာဂတ်တွေကိုတောင်
ကိုကိုနဲ့အတူတူပုံဖော်ကြည့်ပြီး စိတ်ကူးယဉ်
ရတာလည်း အမောပဲ"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now