Chapter-26

17.5K 1.6K 57
                                    

Unicode

မနက်ခင်းတစ်ခုမှာ ငါက မောင့်ရင်ခွင်ထဲ
နိုးထဖြစ်လာသည်။မောင်ညတုန်းက
ငါ့အခန်းထဲမှာပဲ အိပ်ခဲ့တာ။ငါက အမှတ်
မရှိဘူးဆိုတာ မောင်သိတယ်မို့လား။
မောင့်ကိုချစ်တော့ ငါ့မှာလည်း မျှော်လင့်ချက်
တွေ ထားလို့ထားမိ၊မျှော်လင့်ချက်က ပျက်စီး
သွားလိုက် နောက်ထပ်မျှော်လင့်ချက်တွေကို
တည်ဆောက်ပစ်လိုက်နဲ့။ချစ်တယ်လို့ဖွင့်ပြော
ဖို့ အဲ့လောက်တောင်ပဲ တွန့်တိုနေတာလား။
မောင်က ဆိုးလိုက်တာ။

"Good Morningနော်မောင်"

မောင့်နှုတ်ခမ်းကိုလည်း ခိုးနမ်းမိသည်။
မောင့်လိုတော့ အကြောင်းပြချက်တွေနဲ့လည်း
မနမ်းရဲပါ။မောင်က သိပ်လည်တာ။
ဖက်ထားတဲ့မောင့်လက်ကို အသာဖယ်မကာ
မောင့်ရင်ခွင်ထဲမှ ရုန်းထွက်ဖြစ်သည်။
ကိုက်ထားမိလို့ မောင့်ရဲလက်ဖျံမှာ သွားရာ
တို့က အကွင်းလိုက်။ပေါက်တဲ့နေရာကလည်း
ပေါက်နဲ့ ။

"တောင်းပန်ပါတယ်..ငါအဲ့လောက်ထိ
မရည်ရွယ်ပါဘူး။တကယ်ပါ"

"မောင့်ကိုအရွဲ့တိုက်ပြီး ငါရည်းစားထား
ပစ်လိုက်ချင်တယ်။ငါအဲ့လိုလုပ်မှ မောင့်
ခံစားချက်တွေကိုဝန်ခံမှာလားဟင်"

မောင့် ဆံပင်တို့ကို သပ်တင်ရင်း၊မောင့်
နဖူးကိုလည်း နမ်းမိရင်းပေါ့။မောင်က
အိပ်ပျော်နေဆဲဖြစ်တော့ ပြောသမျှစကားသံ
ကိုလည်း မကြားနိုင်ပါ။

"မောင် ဒီလိုလေးပဲ အိပ်ပျော်နေဦးနော်။
ဒါမှ ငါပြောချင်တာတွေ အကုန်လုံးပြောလို့
ရမှာသိလား။အကျင့်ပုတ်ပြီး နိုးမလာနဲ့"

"မောင်နဲ့အတူ မူယာ့မွေးနေ့ကိုသွားကြမယ်။
အဲ့ကိုရောက်ရင် ငါနဲ့မူယာကို သဘောတူတဲ့
သူတွေလည်း ရောက်နေကြမှာ။
သူတို့က ငါတို့မတွဲသေးဘူးလားလို့ မေးတဲ့
အခါ ငါဘာပြန်ဖြေရမလဲ။သိပ်မလိုတော့
ပါဘူးလို့ ပြန်ဖြေရင် မောင်က စိတ်ဆိုးမှာလား၊သဝန်တိုမှာလား။ဒါမှမဟုတ် အဲ့နေရာကနေ
ဆွဲခေါ်လာမှာလားဟင်"

မောင့်ပါးသို့တစ်ချက်နမ်းပစ်ကာ ရေချိုးခန်း
သို့ဝင်ရသည်။ရေချိုးပြီးတဲ့အထိ မောင်က
နိုးမလာသေး။အောက်ထပ်ကိုဆင်းလာတော့ ခေတ်ခေတ်က အိမ်ထဲကို တစ်လှမ်းချင်း
လှမ်းကာ ဟိုကြည့်ဒီကြည့်နှင့်ဝင်လာသည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now