Chapter-5

26.4K 2.4K 33
                                    

Unicode

တစ်နေ့လုံး စိတ်မကြည်သူမှာ သော်ယံမောင်
သာဖြစ်သည်။သက်ပြင်းတို့ကိုလည်း အထပ်
ထပ်ချရင်း စိတ်မှ ဘာကိုအလိုမကျဖြစ်နေ
လည်း မသိ။သော်ယံမောင်ကိုယ်တိုင်လည်း
အဖြေရှာမရခဲ့။လက်မှနာရီသို့တကြည့်ကြည့်နဲ့ စာသင်တဲ့ထဲကိုလည်း အာရုံမရောက်။
မောင့်သူငယ်ချင်းဖြစ်တဲ့ နေရှင်းဟန်မှာ
သတိလှမ်းပေးရှာသည်။

"ဟျောင့် သော်ယံ..နာရီပဲကြည့်မနေနဲ့
အရှေ့ကိုလည်းကြည့်ဦး။မနက်ထဲက ဂနာကို
မငြိမ်ဘူး"

"အေးပါကွာ။ဒီနေ့မှအချိန်တွေကလည်း
ကြာလိုက်တာ"

စိတ်မရှည်ဟန်နဲ့ပြောတော့ မောင့်ကို
နေရှင်းဟန် ခေါင်းတခါခါနှင့်ကျိတ်ပြီး
ရယ်သည်။'ဒီကောင် တစ်ခုခုတော့ထူးနေပြီ'
လို့သာ တစ်ယောက်ထဲပြောဖြစ်တော့
သော်ယံမောင်လည်း မသိနိုင်။အတန်းချိန်ပြီး
တာနှင့် ပြန်ဖို့ တာစူနေသည့် သော်ယံမောင်
ကို နေရှင်းဟန် ကြောင်ကြည့်နေမိတာလည်း
ဖြစ်သည်။

"သော်ယံ ဖြည်းဖြည်းလုပ်စမ်းပါကွာ၊
ဒီညclubသွားရအောင်.."

"ငါ မသွားတော့ဘူး.."

"ဟေ မင်း သော်ယံမောင်ရော ဟုတ်ရဲ့လား။
အရင်ကဆို ရှေ့ဆုံးကတက်ကြွနေတဲ့
ကောင်ကြီးက အခုဘယ်လိုဖြစ်တာတုန်း"

"သိချင်ရင် ငါ့အိမ်ကိုသာ လာခဲ့။
ငါသွားပြီ နေရှင်း"

​မပြေးရုံတမယ် ထွက်သွားတဲ့ မောင့်ကို
နေရှင်းလည်း တားချိန်တောင်မရလိုက်။
ခေါင်းခါကာရယ်လျက် နေရှင်းဟန်မှာ
စကားတပြောပြောနှင့် ကျန်ခဲ့တာလည်း
ဖြစ်မည်။

"အပ များမိနေလေသလား သော်ယံမောင်ရေ။
နေဦး ကျောင်းပိတ်တဲ့ရက်မှ မင်းအိမ်ကို
စစ်ဆေးရေးဝင်မယ်"

***********

​ကိုကို့ ကိုသွားကြိုဖို့လမ်းမှာ ကားတွေပိတ်
တော့လည်း တောက်တစ်ခေါက်ခေါက်။
ကိုကို့ ကိုတွေ့ချင်လာတဲ့စိတ်တို့က ထိန်းသိမ်း
မရ။အပြစ်မရှိတဲ့ ရာသီဥတုကို အပြစ်ပုံချမိတာ အခါခါ။

"ကားပိတ်ရတဲ့ကြားထဲ ရာသီဥတုကလည်း
ပူလိုက်တာ။မီးသွေးခဲ ဖင်ခုထိုင်ထားရသလိုပဲ"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now