Extra-3

12.6K 1K 50
                                    

Unicode

ပြတင်းပေါက်ဆီမှ တန်းတန်းမတ်မတ်တိုးဝင်
လာသောနေရောင်ခြည်မှာ မျက်နှာပေါ်သို့
ဖြာကျလာသည်။ဟုတ်သည် သူတို့ညက
ပြတင်းပေါက်ကိုလည်း ပိတ်မထားခဲ့မိပါ။
မောင်ကပင် ပြတင်းပေါက်ပိတ်ဖို့အား သတိမရ
ပါချေ။

"ကျွတ် ကျွတ်!"

ခါးအောက်ပိုင်းမှ လှုပ်ဖို့ရာပင်မစွမ်းသာတော့။
နာနေသည်ထက် နေရသည်မှာမအီမသာရှိလှ
ပေသည်။မည်သို့အဓိပ္ပာယ်ဖော်ရမယ်မှန်းလည်း
မသိပါ။မျက်လုံးမှာလည်း ချက်ချင်းဆိုသလို
မဖွင့်နိုင်။ဦးစွာဘေးဘက်သို့ မောင်ရှိနေလေ
မလားဆိုကာ စမ်းကြည့်မိတော့ မောင်မရှိပါ။
လှဲနေရာမှ ဖြည်းဖြည်းချင်းထလိုက်သည်။
စိတ်ရှိတိုင်း ကမန်းကတန်းထလို့လည်းမဖြစ်
ချေ။

"နိုးပြီလား"

အခန်းထဲသို့ဝင်လာသည့် သော်ယံမောင့်အား
မကြည်ကြည့်ဖြင့်သာ ကြည့်မိလိုက်သည်။
ညတုန်းမှ ကိုယ့်ပုံစံကိုယ်ပြန်မြင်ယောင်ရင်း
တိုးတိုးလေးဆဲလိုက်မိသည်။သို့ပေမင့် ရင်ထဲ
မှာတော့ ရှက်ရွံ့စိတ်နှင့်စိတ်လှုပ်ရှားမှုတို့ပူးပေါင်းကာမငြိမ်သက်တော့ပါလေ။မောင်နှင့်ဆိုသော
ထိုအတွေးကား ရင်ခုန်မှတ်တို့ကိုအရှိန်အဟုန်
နှင့်လျင်မြန်စေသည်။

"မောင်..မင်းအကျင့်မကောင်းတဲ့ကောင်"

"ဟမ် မောင်ဘာလုပ်နေလို့လဲ။အခုမှ အခန်းထဲ
ဝင်လာပြီး ကိုကို့ဘေးမှာလာထိုင်ရုံလေးပဲရှိ
သေးတာလေ"

"ညက..ညက ဘာလို့ငါ့ကိုမနှိုးတာလဲ။
ငါ့အလှည့်ကို မင်းအကျင့်ယုတ်တာ"

ဘာရယ်ကြောင့်ဆိုတာသိရတော့ မောင်က
ရယ်နေသည်။သူ့ဘာသာပင်ပန်းပြီး အိပ်ပျော်
သွားတာကို နှိုးရအောင်အထိ မောင်အကျင့်
မယုတ်သေးပါ။

"မင်းနော် မရယ်နဲ့ကွာ။ငါ..ငါထလို့မရတော့
ဘူး။အဲ့တာမင်းကြောင့်"

မအီမသာလေးဖြစ်နေတော့လည်း စိတ်မကောင်း
ပါ။ရယ်နေတာကိုချက်ချင်းရပ်ကာ ကိုကို့ပါးသို့
ရွှတ်ခနဲနမ်းမိတော့ မကျေနပ်သည့်ထိုဂျစ်တူး
ရုပ်ကလေးက ပြောင်းသွားဖွယ်လည်းမရှိ။
လည်တိုင်ဖြူဖြူမှ အမှတ်သားတို့က တင့်တယ်လှပေစွ။တချို့မှာ အညိုရောင်ဘက်သို့ပင်ပြောင်းနေချေပြီဖြစ်သည်။ကျေနပ်သလိုမျက်နှာထားနှင့်
ပြုံးမိပြီးမှ မအီမသာမျက်နှာလေးကိုမြင်တော့
ဆက်၍မရယ်ရက်တော့ပါ။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now