Chapter-33

17.6K 1.6K 79
                                    

Unicode

ကံကြမ္မာက ဆုံစည်းပေးဖို့ ဖြစ်လာခဲ့တာ
အဝါရောင်ခေါက်ထီးလေး တစ်လက်ကနေ
အစပြုပါတယ်....။

                         ************

အိပ်ရာနိုးလာရင် မောင်ပြန်ရောက်နေပါစေ
ဆိုပြီး ဆုတောင်းဖြစ်ခဲ့တာလည်း အထပ်
ထပ်အခါခါ။ဆုတောင်းတွေပြည့်ဖို့များ
ခက်ခဲလွန်းသလား။အိပ်ရာကနိုးတော့
မောင့်အရိပ်အယောင်ကိုလည်းမတွေ့ရ။
သက်ပြင်းချမိတာ စိတ်ပျက်ပျက်နှင့်ပင်။

"ဟူး...."

"အစ်ကိုတောင် နိုးလာပြီ"

အခန်းထဲသို့ နေရှင်းဝင်လာရင်းမှပြောသည်။
အနောက်မှာ ခေတ်သွန်းလေးလည်းပါလာသည်။

"ကိုသု သက်သာရဲ့လားဟင်"

"သက်သာပါတယ်ဗျာ"

မုန့်လုံးလေးကတော့ ပါးစပ်နဲ့ မုန့်နဲ့မပြတ်။
ခေတ်သွန်းလေးကိုကြည့်ပြီး သဘောတကျ
ပြုံးမိတာဖြစ်သည်။

"နေရှင်း..မောင့်ဆီက ဆက်သွယ်လာသေးလား"

"ဪ သော်ယံက ပြန်....အား!!"

နေရှင်း ခြေထောက်ကို ခေတ်ခေတ်က
တက်နင်းထားပစ်ပြီး နေရှင်းကို အံကြိတ်
ကာ မျက်လုံးနဲ့မပြောဖို့လည်းတားသည်။
သော်ယံမောင်ကိုယ်တိုင်က မပြောဖို့မှာထား
ခဲ့တာပဲ။အိမ်ပြန်ပြီး ကိုကို့အတွက် လိုအပ်တာ
တွေယူရင်း ရေချိုးပြီးမှပြန်လာမှာဖြစ်ကြောင်း
နဲ့ သူပြန် ရောက်ပြီဆိုတာကို မပြောနဲ့ဆိုကာ
မှာထားခဲ့တာဖြစ်သည်။

"ဘာဖြစ်လို့လဲ နေရှင်း"

"ပုရွက်ဆိတ်အဖြူလေး လာကိုက်လို့.."

"ဟမ် ပုရွက်ဆိတ်အဖြူ"

"ထားလိုက်ပါတော့ အစ်ကိုမျက်နှာသစ်မှာမလား"

"အင်း ခေတ်သွန်းလေးခဏနော်..အစ်ကို
မျက်နှာသွားသစ်လိုက်ဦးမယ်"

"ခေတ်ခေတ် တွဲပေးမယ်လေ"

"ရပါတယ် အစ်ကို့ဘာသာပဲသွားပါ့မယ်"

မောင်ဆက်သွယ်လာသေးလားဆိုတဲ့
အမေးတို့ရှိပေမဲ့ အဖြေတို့က မရှိခဲ့။
ငါ မောင့်ကိုလိုအပ်တယ်။
ကိုကို မရှိတော့တဲ့အခါမှ နေရှင်းက
ခေတ်ခေတ်ကိုကြည့်လာရင်း နာသလို
ဟန်ဆောင်ပြသည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now