Chapter-45

14K 1.2K 41
                                    

Unicode

မုန်းခြင်းတွေအစား..
ချစ်ခြင်းတွေကိုသာပေးစေလို..။

အေးချမ်းတဲ့ညခင်းတစ်ခုက မောင့်ရင်ကို
တော့ မီးတောက်တစ်ခုလို လောင်မြိုက်
စေတာဖြစ်သည်။ခေါ်လို့မရတဲ့ဖုန်းကို
အထပ်ထပ်အခါခါ မောင်ခေါ်နေမိတော့
ကိုကို့ဘက်ကလည်း မကိုင်။

"ဘယ်လိုလုပ်မလဲ သော်ယံ။
မင်းကို ဘယ်အချိန်က နောက်ဆုံးခေါ်ထား
တာလဲ"

"နေ့လယ်တုန်းက..ဒါပေမဲ့ ငါ့ဖုန်းက
ရုံးခန်းထဲမှာကျန်ခဲ့တာ"

"အစ်ကိုပို့ထားတဲ့ စာအရဆိုရင် အဲ့ဆိုင်မှာ
မင်းကို ဟိုကောင်မင်းရတုနဲ့ တွေ့သွားပြီး
အထင်လွဲသွားတာထင်တယ် သော်ယံ"

နေရှင်းစကားကို ခဏလောက်တွေးကြည့်
မိပြီးမှ သက်ပြင်းတို့ချသည်။
မောင့်မှာ ဆက်မတွေးနိုင်တော့ ဆိုဖာပေါ်
ခြေပစ်လက်ပစ် ထိုင်ချမိသည်။

"ငါဘာဆက်လုပ်ရမလဲ နေရှင်း။
ငါရှင်းပြရင်ရော ကိုကိုကယုံပါ့မလား"

မောင့်အသံတွေက ကွဲအက်အက်။
ကိုကို့ရဲ့အမုန်းတွေကို မောင်မလိုလားပါ။
ဒါဟာ အထင်လွဲမှုပါဆို ကိုကိုကရော
ယုံပေးပါ့မလား။

"ငါရှိပါတယ်ကွာ။ငါလည်းရှင်းပြပေးပါ့မယ်"

အိမ်ရှေ့၌ ကားသံကြားတော့ မောင့်မှာ
ကပျာကယာ ပြေးထွက်ရှာသည်။
ကားပေါ်မှ ဒယိမ်းဒယိုင် ဆင်းလာတဲ့
ကိုကိုက အရက်တွေလည်း မူးသည်။

"ဘယ်လိုဖြစ်လာတာလဲ"

ကိုကို့သူငယ်ချင်း ထွန်းကိုမေးတော့
မျက်နှာမကောင်း။

"မင်းကို ကောင်လေးတစ်ယောက်နဲ့.."

ထွန်း ဆက်ပြောဖို့ မောင့်ကိုလည်း
အားနာသည်။ဒီလောက်ဆို မောင်သိပြီ။
အထင်လွဲသွားတာ သေချာပြီပဲ။

"ကျေးဇူးပါ အစ်ကို"

ကိုကို့ကိုတွဲဖို့လုပ်တော့ ရုန်းလာသည်။
မောင့်ရင်ဘတ်ကို တွန်းထုတ်ရင်း ကိုကိုက
ခပ်စိမ်းစိမ်းလည်း ကြည့်သည်။

"သွား! ငါ့ကိုလာတွဲစရာမလိုဘူး။
ထွက်သွား! ငါ့အရှေ့က ထွက်သွား!!"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now