Chapter-51

12.9K 1.2K 34
                                    

​Unicode

​အချိန်အားဖြင့် မနက်၇နာရီ....။
​ဦးနဲ့ဒေါ်ဒေါ်တို့ပြန်ရောက်မှာကြောင့်
မနက်အစောကြီးကတည်းက ထပြီး
ချက်ပြုတ်နေဖြစ်သည်။လူက ထလို့
လည်းမရ၊ထိုင်လို့လည်းမရ စိတ်လှုပ်ရှား
နေမိတာတော့ အမှန်။

"ဒိုက်ထိုးနေတာပဲကောင်းတယ်"

အိပ်ပျော်နေတဲ့ မောင့်ကို တစ်ချက်
လှမ်းကြည့်ရင်း ဒိုက်ထိုးဖို့ စမိတော့သည်။

"တစ်..နှစ်"

သိပ်တော့မလွယ်လှ။ဘယ်လိုများ
သော်ယံမောင် အခေါက်အရေအများကြီး
ထိုးနိုင်ရတာလဲ။တစ်ခါတလေဆို သူ့ခါးပေါ်
တောင်တက်ထိုင်ခိုင်းပြီး ဒိုက်ထိုးသေးတာ။
ငါက အခုမှဒိုက်ထိုးကြည့်လို့နေမှာ။
နောက်ဆို မောင့်ကို ငါ့ခါးပေါ်ထိုင်ခိုင်ပြီး
ဒိုက်ထိုးကြည့်ဦးမှ။အသက်မထွက်ရင်တော့ ကံကောင်းခြင်းတစ်မျိုးပေါ့။

တဖြည်းဖြည်း မောင်ဒိုက်ထိုးတဲ့အခါ
မြင်နေရတဲ့ ကြွက်သားတွေကိုတောင်
ပြန်မြင်ယောင်လာတော့ တံတွေးမျိုချမိတာ အခါခါ။ဒင်းလေးက နေရာတကာ ပြုစားနိုင်
လွန်းသလား။

"မင်းနဲ့လည်းရူးမှာပဲ"

တစ်ယောက်ထဲတွေးပြီး တစ်ယောက်ထဲ
ပြောနေမိတော့ မျက်နှာကလည်း အမူအယာ
စုံသည်။ကုတင်ပေါ်မှာ ထိုင်ကြည့်နေတဲ့
မောင့်ကိုတောင် သတိမထားမိ။
ကိုကိုဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး မောင့်မှာ
အသံမထွက်အောင် ခွက်ထိုးခွက်လန့်ရယ်
ရလွန်းလို့ မျက်ရည်တောင်ကျသည်။

အပေါ်စီးကနေ ကြည့်ရလို့လားမသိ
'လုံးလုံးလေး'နဲ့။ခေါင်းတစ်ချက်ခါ
ပြီး အတွေးတချို့ကိုမောင်းထုတ်ရသည်။
မလွယ်ဘူး၊မလွယ်ဘူး။ကြာရင်ခင်ဗျားလေး
ကြောင့် ကျုပ်စိတ်တွေ ထိန်းမရဖြစ်တော့မယ်။
အပေါ်အင်္ကျီကို ချွတ်ပြီးဗလသေးသေးလေး
ကိုပြထားတော့ လူက ရှိန်းတိန်းပိန်းတိန်းပင်
ဖြစ်လာသည်။

"အဟန့်...."

ချောင်းဟန့်တော့လည်း မကြား။
ဘေးနားသွားရပ်တော့လည်း အာရုံက
ဒိုက်ထိုးတဲ့ဆီမှာ နစ်မျောနေတာဖြစ်သည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now