Chapter-23

18.2K 1.6K 84
                                    

Unicode

လူတစ်ယောက်ကို ချစ်တယ်လို့ပြောဖို့က
လွယ်ပါတယ်။လေးနက်မှုလေးတော့ မဲ့မယ်။

***********

ညနေခင်းဖြစ်တော့ ခေတ်ခေတ်က
လမ်းထိပ်မုန့်တီဆိုင်မှာ သွားစားချင်တယ်
လို့ပြောလာတော့ ခေတ်ခေတ်နဲ့အတူ ကိုကို
တို့နှစ်ယောက်သား သွားစားဖြစ်ကြသည်။
မုန့်မှာထားပြီး ခုံမှာထိုင်စောင့်နေကြတုန်း
ခေတ်ခေတ်ဆီမှ စကားသံထွက်လာသည်။

"ကိုသု.."

"ပြောလေ ခေတ်သွန်း"

"ဟိုလေ.."

ခေတ်သွန်းမျက်နှာက ခရမ်းချဉ်သီးလို
ရဲတက်လာပြီး ရှက်နေသည်။

"ခေတ်သွန်းလေး တစ်ခုခုဖြစ်နေတယ်မလား"

"ခေတ်ခေတ်လေ ဟို..ဟိုတစ်ယောက်ကို
မြင်ရင် ခေတ်ခေတ်ရင်တွေခုန်နေတယ်"

ခေတ်သွန်းစကားကြောင့် သောက်လက်စ
ရေနွေးတောင် မနည်းမျိုချလိုက်ရသည်။
ခေတ်သွန်းဆီမှ ထိုကဲ့သို့သော စကားမျိုးကို
ပထမဆုံးကြားမိခြင်းပင်ဖြစ်သည်။

"ဟေ ဘယ်လို..ရင်ခုန်တယ်။နေပါဦး
ဟိုတစ်ယောက်ဆိုတာက.."

"ဟို အစ်ကိုသော်ယံရဲ့သူငယ်ချင်း နေရှင်းဟန်"

ခေတ်ခေတ်မှ မရဲတရဲလေးနဲ့ပြောပြီး
ခေါင်းငုံ့သွားရှာသည်။မာမားကြည့်ကြည့်
နေတဲ့ ထိုင်းကားထဲကလို ခေတ်ခေတ်ကလည်း
ယောကျာ်းတစ်ယောက်ကို မြင်နေ၊တွေ့နေရတာ
နဲ့ ရင်တွေခုန်လာတာ။ခက်တာက ခေတ်ခေတ်
က မျိုသိပ်မထားတတ်တာပဲ။ကိုသုက
ခေတ်ခေတ်ကို ဆူမဲ့သူ မဟုတ်မှန်းသိတာ
ကြောင့် ပါးစပ်ကမနေနိုင်ဘဲ ပြောပြမိတာပင်
ဖြစ်သည်။

နေရှင်းရည်းစားရှုပ်တယ်ဆိုတာ ကိုကိုလည်း
သိသည်။ခေတ်ခေတ်က ငယ်သေးလို့
စိတ်ကစားနေတာ ဖြစ်ချင်လည်းဖြစ်မယ်။
ကိုကိုဘာပြန်ပြောရမှန်းမသိတာကြောင့်
ခဏတော့ငြိမ်နေမိသည်။ခေါင်းငုံ့ထားတဲ့
ခေတ်ခေတ်က လက်မကိုလည်းကိုက်နေသည်။ ခေတ်ခေတ်စိတ်လှုပ်ရှားရင် လက်မကိုကိုက်
ထားတတ်တဲ့အကျင့်ရှိတာကြောင့်ဖြစ်မည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now