Final Special Extra-3

17.9K 963 86
                                    

Unicode

"အိမ်တန်းပြန်တော့မှာလား သုထက်"

"အင်းလေ တန်းပြန်တော့မလို့"

ချစ်တဲ့စိတ်ကို အပြတ်ဖြတ်လို့မရနိုင်တော့လည်း
သူငယ်ချင်းမိတ်ဆွေအဖြစ်နဲ့ပဲကျေနပ်ရသည်။
ဆေးကျောင်းသားအရွယ်ကတည်းကနေစပြီးသူ
ချစ် ရတဲ့သူက ဆရာဝန်ဖြစ်တဲ့အချိန်ထိပြောင်းလဲသွားတာမရှိ။စိတ်ထားကလည်းကောင်းတုန်း၊
မိန်းကလေးတွေအပေါ် ဦးစားပေးအလေးထား
တတ်ပြီးကူညီပေးနေတတ်တုန်းပင်။ပါဝါတိုးလာ
တဲ့မျက်မှန်ဝိုင်းလေးအောက်က မျက်ဝန်းညိုညိုလေးတွေကို မူယာသေချာလိုက်ကြည့်မိသည်။

"သုထက် ငါသွားတော့မယ်"

"ကားကို ဂရုစိုက်ပြီးမောင်းနော်"

ပြုံးလျက်ပြောလာသည့်အခါ သွားတက်လေးကပေါ်လာလေပြီ။မပေါ်တပေါ်ပါးချိုင့်လေးနှစ်ဖက်
ကလည်း ပြောင်းလဲမှုမရှိနဂိုအတိုင်းသာ။

ဆေးရုံမှာ ဂျူတီချိန်ပြီးတာနဲ့ အိမ်ကိုပဲတန်းပြန်
သည်။ရဲမွန်တို့ဆီကဖုန်းရရခြင်းပဲ မောင့်ဆီကို
လည်းဖုန်းဆက်ပြီးအကြောင်းကြားရသေးသည်။မျက်နှာတစ်ခုလုံး ဖူးရောင်နေသည့်မင်းရတုကို
ကြည့်ပြီး ကိုကို့မှာဘာပြောမှန်းပင်မသိတော့။
ကိစ္စတစ်ခုကိုလက်မခံနိုင်ဆိုသော်ငြား အခုလို လက်မပါသင့်ဟုပင်ထင်မိသည်။

"အခုအိမ်ကနေထွက်လာတာဆိုတော့ ရတုဘယ်
မှာနေဖို့စဉ်းစားထားလဲ"

"ကျွန်တော့်တိုက်ခန်းမှာပဲ နေမှာအစ်ကို"

ကိုကိုကဆေးထည့်ပေးရင်းမေးတော့ ရဲမွန်ကဝင် ဖြေသည်။ခေါင်းကိုညိတ်ရင်း ဆေးဘူးကိုချလိုက် ပြီးကိုကိုက ဆက်ပြောလာသည်။

"တိုက်ခန်းကို ရဲမွန်းအိမ်ကလူတွေလာတတ်လား"

ထိုအခါမှ ရဲမွန်မေ့လျော့နေသည်ကိုသတိရမိတော့သည်။ဟုတ်သည် သူ့တိုက်ခန်းကို တစ်ပတ် တစ်ခါအိမ်ကလူတစ်ယောက်မဟုတ်တစ်ယောက် လာနေကျပင်။ရတုကိုသာတွေ့သွားလျှင် လွယ်မည်မဟုတ်။မျက်နှာကိုလက်ဖြင့်ပွတ်သပ်ကာ မည်သို့
မည်ပုံလုပ်ရမည်ကိုသူစဉ်းစားသည်။
ထွက်ပြေးပြီးအဝေးမှာသွားနေဖို့ဆိုရင်လည်းမဖြစ် သေး။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now