Chapter-17

19.4K 1.9K 39
                                    

Unicode

မောင်က လွှမ်းမိုးနိုင်လွန်းတယ်....။
မောင်က ဂရုစိုက်လေ ငါကပျော်ရွှင်လေ....။
ရိုးရှင်းတဲ့အချစ်ကို သဘောကျတယ်....။
တန်ဖိုးကြီးပစ္စည်းတွေနဲ့မဟုတ်ဘဲ ရိုးရှင်းတဲ့
အခိုက် အတန့်တစ်ခု....။

**********

စာကြည့်စားပွဲပေါ်မှ နာရီမြည်သံတို့က
လွဲ၍ တိတ်ဆိတ်သည်။နေရှင်းရဲ့မွေးနေ့
ပါတီပွဲရှိတော့ အိမ်မှာမောင် လည်းမရှိပါ။
အတူလိုက်ခဲ့ဖို့ မောင်ရော၊နေရှင်းပါ
ခေါ်ပေမဲ့ လူများတဲ့နေရာတွေမသွားချင်
တာကြောင့် အိမ်မှာပဲနေခဲ့ဖြစ်သည်။အခုတော့ စာလုပ်ရင်းမောင့်အလာကို မျှော်နေမိပြီ။

"ကိုကို"

အတွေးထဲနစ်မျောနေတုန်း မောင့်ခေါ်သံ
ကြောင့် လန့်ပြီး လက်ထဲမှ ဘောပင်တောင်
လွတ်ကျသည်။မောင့်ကိုလှည့်ကြည့်တော့
လက်ထဲမှာ ပန်းကန်တစ်ချက်လည်းကိုင်လာသည်။

"မောင်..ပြောတော့နောက်ကျမယ်ဆို"

"စိတ်မချလို့လေ"

"ငါ့ကိုစိတ်မချလို့..ဟုတ်လားမောင်"

နားကြားများမှားလေသလားဆိုပြီး
ပြန်မေးလိုက်တော့ မောင်ကပြုံးကာ
အနားသို့ကပ်လာပြန်သည်။
စာကြည့်စားပွဲနဲ့ မောင့်အကြားမှာ ငါက
ချောင်ပိတ်သည့်အဖြစ်။တစ်ချက်လောက်
လှုပ်လိုက်တာနဲ့ မောင့်နှုတ်ခမ်းကို နမ်းမိတော့မှာ။

"လွမ်းနေလား"

အစမရှိအဆုံးမရှိ မေးလာပြန်တော့
မျက်မှောင်ကြုတ်မိသည်။မေးတာကိုပြန်
မပြေဘဲ ကိုကိုက မျက်မှောင်ကြုတ် ကြည့်
လာတော့လက်ထဲမှ ပန်းကန်ကို စားပွဲပေါ်သို့ အရင်တင်ရသည်။ပြီးနောက်မှ ကိုကို့ ကိုပွေ့ချ
ပစ်လိုက်တာလည်းဖြစ်သည်။

"အမလေး!"

​ရုတ်တရက်ဆိုတော့ အတော်လေးလန့်
သွားတာကြောင့် မောင့်လည်ပင်းကို
အားပါပါ သိုင်းဖက်မိသည်။ခြေထောက်တို့ကို
လည်း မောင့်ခါးပေါ်သို့ချိတ်တွယ်မိတာ
အလိုအလျောက်။

"လန့်သွားလား၊ကျွန်တော်မေးတာကိုမှ မဖြေတာ"

"လန့်တာပေါ့ကွ.."

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now