Chapter-14

20.3K 2K 55
                                    

Unicode

နေမကောင်းလို့ အားငယ်မိတာ ကိုကို။
အစ်ကိုမို့ သဝန်တိုမိတာ စမ်းသလား။
အင်း..အစ်ကိုဆိုတာ ကျွန်တော့်အတွက်
အစားထိုး ခေါင်းစဉ်တစ်ခုပါ....။

**********

ဒီနေ့တော့ မောင်လာမကြိုနိုင်တာကြောင့်
လိုင်းကားစီးပြီးသာ ပြန်ရမည်။
အမှန်တော့ မောင်နေမကောင်းတာကြောင့်
အိမ်မှာပဲ နားခိုင်းထားတာ။ဒါတောင် လာကြို
မယ် ဖုန်းဆက်နေလို့ မနည်းတားထားရသည်။
မောင်ကပြောတယ် ကားငှားပြီးပဲပြန်လာပါတဲ့။
လိုင်းကားလုံးဝမစီးနဲ့လို့ အထပ်ထပ်တော့
မှာရှာသည်။

"သုထက် ဟို..သော်ယံမောင် လာမကြိုဘူးလား"

မောင့်အကြောင်းအတွေးလွန်နေတုန်း မူယာ
စကားပြောလာမှပဲ အတွေးတို့ကိုလက်စသတ်
ရတော့သည်။

"အင်း နေမကောင်းလို့"

"ဪ ငါပြန်လိုက်ပို့ပေးမယ်လေ"

"ရတယ် မူယာ၊ငါလိုင်းကားနဲ့ပဲ ပြန်ပါ့မယ်"

"မရပါဘူး။ငါပဲလိုက်ပို့ပါ့မယ် သုထက်ရယ်၊
လာလိုက်ခဲ့"

ကိုကို့လက်ကိုဆွဲပြီး မူယာ ကားဆီသို့လျှောက်
သွားဖြစ်သည်။နဂိုကတည်းကမှ ကိုကိုနဲ့မူယာ
ကို သမီးရည်းစားလို့ထင်ကြတော့ အခုလို
အခြေအနေမျိုးက ပိုလို့ပင် အထင်လွဲစရာ
ဖြစ်သည်။မူယာ့လက်ကိုလည်း ဆွဲဖြုတ်မိ
သည်။ကိုယ်က ယောကျာ်းလေးဖြစ်တော့
မူယာ့သိက္ခာကို ငဲ့ညှာပေးမိတာမျိုးပင်။

"sorry မူယာ၊ပိုပြီးအထင်လွဲရင် နင့်အတွက်
လည်းမကောင်းဘူးလေ"

"ကျေးဇူး သုထက်"

မူယာပြုံး၍သာကျေးဇူးတင်စကားဆိုမိသည်။

'ပိုင်ဆိုင်ချင်မိတဲ့စိတ်က ရှေ့ဆက်ပြီး
ငါဘာတွေလုပ်မိမလဲဆိုတာတော့
ငါကိုယ်တိုင်လည်း မပြောတတ်သေးဘူး
သုထက်'
ပိုင်ဆိုင်လိုသည့် စိတ်တို့က မီးစသဖွယ်အစပျိုး
လာသည်။

သော်ယံမောင် နေမကောင်းဖြစ်နေတော့
နေရှင်း ကျောင်းမှအပြန် အိမ်သို့ဝင်လာသည်။
သူငယ်ချင်းနှစ်ယောက် ခြံထဲက ခုံမှာပဲထိုင်ပြီး
စကားပြောဖြစ်ကြသည်။မောင်က တွေးစစနှင့်
နေရှင်းကိုမေးသည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now