Chapter-13

20.3K 2K 49
                                    

Unicode

မောင်မနှင်သရွေ့ပေါ့ ငါက မောင့်အနားမှာပဲ
နေမှာ။မောင်ကထွက်သွားလို့ပြောတာနဲ့ ငါက ဆက်နေပိုင် ခွင့်မှမရှိတာ။

                               **********

မောင်က ကိုကိုလို့ခေါ်လာရင်း မျက်နှာငယ်
လေးဖြင့် အခန်းထဲသို့ဝင်လာသည်။

"ဘာဖြစ်လို့လဲမောင်။ဒဏ်ရာတွေက နာနေ
လို့လားဟင်"

ကိုကိုက ပြန်မေးလာတော့ ခေါင်းခါကာ
ကုတင်ပေါ်သို့ တက်လာသည်။ရင်ခွင်ထဲသို့
တိုးဝင်ပြီး ဖက်လာတာလည်းဖြစ်သည်။

"ကျွန်တော် နေမကောင်းဘူးကိုကို"

မောင်က ကလေးလေးတွေလို ချွဲပြီးပြော
သည်။ကိုကို့လက်ကိုလည်းယူရင်း မောင်က
နဖူးပေါ်သို့တင်ပေးသည်။

"ဟုတ်ပါရဲ့ ကိုယ်တွေပူနေတာပဲ။ဆေးခန်းသွား
ရအောင်"

"ဟင့်အင်း မသွားချင်ဘူး။
ကျွန်တော့် ခေါင်းကို ပွတ်ပေးနော်"

"နောက်တစ်ခါဆို ရန်မဖြစ်ပါနဲ့လား။
သူတို့ဘက်က ရန်စတာဆိုရင်လည်း မောင်က
ရှောင်ထွက်လိုက်ပေါ့"

မောင်ကချက်ချင်းပြန်မဖြေသေးဘဲ ကိုကို့
ခါးကို ပိုတိုးဖက်ရှာသည်။နေမကောင်းလို့
ချွဲတဲတဲလုပ်နေတာလည်းဖြစ်သည်။

"စိတ်ပူလား ကိုကို။ကျွန်တော်ထိခိုက်ဒဏ်ရာ
ရတော့ စိတ်ပူလားဟင်"

ရင်ခွင်ထဲမှ မောင်ကမော့ကြည့်ရှာသည်။
မောင့်မျက်ဝန်း၌ မျှော်လင့်ချက်တို့လည်း
ဖြစ်တည်သည်။ကိုကိုကပြုံးရင်း မောင့်
ခေါင်းကို ပွတ်သပ်ပေးလာသည်။

"စိတ်ပူတယ်ဆိုတာထက် ပိုတယ်ကွ။
ငါကလေ ဖြစ်နိုင်ရင် မောင့်ကို ခြင်ကိုက်ရာ
လေးတောင်ဖြစ်စေချင်တာမဟုတ်ဘူး။
မောင်အရင်က ဘယ်လိုနေထိုင်ခဲ့လည်းဆိုတာ
ငါမသိပေမဲ့၊အခုတော့လိမ္မာပါ"

"မောင့်မိဘတွေကလည်းအဝေးမှာ
မောင့်ဘဝရှေ့ရေးအတွက် ကြိုးစားရုန်းကန်
နေကြရတာလေ။ဒီတော့မောင်က မိဘတွေနဲ့
ဝေးနေလို့ဆိုးနေတယ်လို့အပြောခံမယ့်အစား သော်ယံမောင်က မိဘတွေနဲ့ဝေးနေတာတောင်
ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တယ်လို့ပြောကြ
တာပဲဖြစ်စေချင်တယ်"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now