Chapter-6

24.5K 2.4K 90
                                    

Unicode

အိမ်ကိုပြန်ရောက်တဲ့အထိ မောင့်စိတ်ထဲ
ဘာကိုအလိုမကျဖြစ်နေမှန်း တကယ်ပင်မသိ။
မျက်နှာကလည်း စူပုပ်လျက်သား ရှစ်ခေါက်
ချိုးဖြင့်။ကားပေါ်မှာကတည်းက ကိုကိုသတိ
ထားမိသည်။အအေးဆိုင်ရောက်တော့လည်း မျက်နှာမကောင်း။အခုအိမ်ပြန်ရောက်တဲ့
အထိမျက်နှာက စူပုပ်ပုပ်နှင့်ဖြစ်နေတုန်းပင်။

"မောင်..မင်း ဘာဖြစ်နေတာလဲ။
မျက်နှာကို မှန်ထဲမှာပြန်ကြည့်ဦး"

ဘာမျှပြန်ဖြေမလာဘဲ ကိုကို့ကို မျက်စောင်း
ထိုးကာပင် အပေါ်ထပ်သို့တက်သွားပြန်သည်။
ကိုကိုလှမ်းအော်ပြောတော့ လှေကားပေါ်တက်
နေရာမှရပ်ကာ ပြန်လှည့်ကြည့်လာသည်။

"ဟော ဟေ့ မောင်ရေ..ငါမေးတာကိုဖြေဦးလေကွာ"

"ကိုကိုပဲမျက်နှာကို မှန်ထဲမှာပြန်ကြည့်ဦးဆို"

"အေးလေ"

"အင်းလေ အဲ့တာအခန်းထဲမှာ မှန်သွားကြည့်
မလို့။အပြင်မှာရှိတဲ့မှန်တွေက ကြည့်ရင်
ရုပ်ဆိုးလို့"

ကိုကိုက သဘောရိုးနဲ့ဒီတိုင်းပြောလိုက်တာကို တကယ်လုပ်မဲ့ မောင့်ကြောင့် ကိုကို့မှာ
ဟန်မဆောင်နိုင် ရယ်မိတော့တာလည်း
ဖြစ်သည်။ကိုယ့်ကိုကြည့်လျက် ရယ်နေသည့်
ကိုကို့ကို မျက်နှာတည်ဖြင့်ပြန်မေးမိတော့
အရယ်တစ်ဝက်ဖြင့် ပြန်ဖြေရှာသည်။

"ဘာလို့ရယ်နေတာလဲ"

"မရယ် ဟားဟား မရယ်တော့ပါဘူးကွာ၊
ဟားဟား.."

ကိုကိုရယ်နေတာကို မောင့်မှာကြည့်ပြီး
စိတ်ထဲအလိုမကျမှုတို့က  ချက်ချင်းပင်
ပပျောက်သည်။လှေကားပေါ်မှ ပြေးဆင်းကာ စိတ်လိုလက်ရ ရယ်နေသည့် ကိုကို့အနားသို့
သွားကာ ခါးသို့ ကလိထိုးပစ်သည်။

"ရယ်ချင်ဦး"

"ဟာ မောင်..မ ဟားဟား မလုပ်နဲ့၊
မလုပ်နဲ့ဆို ယား..ယားတယ်"

အိမ်ထဲမှာ ပတ်ပြေးနေတဲ့ကိုကိုရယ်၊
ကလိလိုက်ထိုးနေတဲ့ မောင်ရယ်နှင့်
ညနေခင်းဟာ ရယ်သံတွေပြည့်နှက်လို့
သာယာနေတာလည်း ဖြစ်တယ်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now