Chapter-25

18.5K 1.7K 60
                                    

Unicode

မောင့်ကြောင့်ပဲ မျှော်လင့်ချက်ဆိုတာ
ဖြစ်တည်လာတယ်။
မောင့်ကြောင့်ပဲ ဒီမျှော်လင့်ချက်တွေက
ပျက်စီးတယ်။အကြိမ်ကြိမ်ပါပဲ..
​မောင်က ရိုက်ချတဲ့နေရာမှာ သိပ်တော်တယ်။

************
အနမ်းတို့ကို ဆာလောင်မွတ်သိပ်စွာ
အငမ်းမရနမ်းရှိုက်ဖြစ်ကြသည်။
အသက်ရှူကျပ်လာလို့ မောင့်ရင်ဘတ်ကို
ဖွဖွတွန်းဖယ်တော့ မောင်ကရပ်ပေးလာသည်။
အရင်ဆုံး အသက်ကိုဝဝရှူရှိုက်ရသည်။
​ထောက်ဆိုသည့် အသံနှင့်အတူ မီးတို့
ပွင့်လာသည်။မီးခလုတ်ရှိမှန်းသိရဲ့သားနဲ့
မောင်က တမင်ကိုမဖွင့်ခဲ့တာလား။
မောင့်မျက်နှာက ပြုံးယောင်သန်းသည်။
တဖြည်းဖြည်း သွားညီညီတန်းတို့
ပေါ်အောင် ပြုံးပြလာသည်။စကားတို့မှာ
အစအနရှာမရ။

ငါကထောင်ချောက်ထဲမှာ ပိတ်မိနေတဲ့
ယုန်ငယ်လေးလိုပေါ့။
မောင့်ထောင်ချောက်ထဲမှာလည်း
အထပ်ထပ်အခါခါ ပိတ်မိနေခဲ့တာပဲ။
အနွေးထည်အိတ်ကပ်ထဲမှ ဖုန်းကတုန်ယင်
လာသည်။ဒါ ဖုန်းလာနေတာ။
မောင့်အကြည့်တို့ထံမှ ရှောင်လွဲဖြစ်ပြီး
ဖုန်းကိုင်မိသည်။ဘယ်သူဘယ်ဝါမှန်းလည်း
မကြည့်မိပါ။

"ဟယ်လို"

တဖက်မှအသံက မိန်းကလေးအသံ။
သေချာပါတယ် ဒါ မူယာရဲ့အသံ။

"မူယာ ဘာကိစ္စရှိလို့လဲ"

စကားအဆုံးမှာ ဖုန်းကိုဆွဲယူခြင်းခံရသည်။
တရားခံကတော့ သော်ယံမောင်။
မူယာက ကိုကို့အထင်နှင့်စကားတို့ ဆက်ပြော
ရှာသည်။

"သုထက် မနက်ဖြန်ငါ့မွေးနေ့ကို
လာဖြစ်အောင်လာနော်။သော်ယံမောင်ကိုပါ
ဖိတ်တယ်လို့ပြောလိုက်ဦး"

"လာမှာ..ကျွန်တော် ကိုကိုနဲ့အတူလာခဲ့ပါ့မယ်
အစ်မမူယာ။ပြောစရာမရှိတော့ရင် ဒါပဲနော်
ကျွန်တော်တို့လုပ်စရာလေးရှိသေးလို့"

မောင်ကပြောရင်း ဖုန်းမချသေးဘဲ
ငါ့နှုတ်ခမ်းကိုလည်း အသံမြည်အောင်
ထပ်နမ်းလာသည်။သေချာပါတယ် ဒါကို
မူယာကြားသွားမှာ။

"ကိုကို စီးကရက်အရသာ ဘယ်လိုလဲဆိုတာ
သိသွားပြီလား"

မောင့်မှာ မျက်နှာပြောင်တိုက်ပြီးများ
မေးသလား။ဒီလောက်နမ်းထားမှတော့
မရဘဲနေမလား။စကားတို့က လည်ချောင်းဝ
မှာတစ်ဆို့တော့ ပြောနိုင်ဖို့လည်း အားယူ
ရသည်။အားယူရင်း မောင့်အား မျှော်လင့်
ချက်တို့နှင့်မေးမိတာလည်းဖြစ်သည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now