Chapter-58(Finale)

28.2K 1.3K 82
                                    

Unicode

အချိန်တွေက လတွေပြောင်း၊နှစ်တွေ
ပြောင်းခဲ့လို့ နှစ်နှစ်ကြာကာလ တစ်ခုကို
ရောက်ခဲ့ပြီ။

အင်္ကျီလက်ကိုခေါက်တင်ရင်းနဲ့ အတိတ်
အချိန်တွေကို ပြန်တွေးတောမိတော့
မောင့်မျက်နှာမှာ အပြုံးတွေဟာလည်း
ဝေဝေဆာဆာ။ကိုကိုနဲ့ခွဲနေရတာလည်း
နှစ်နှစ်ဆိုတဲ့ ကာလတစ်ခုပြည့်ခါနီးပြီ။
တာဝန်ကျတဲ့နယ်မြို့လေး တစ်မြို့မှာ
တာဝန်ထမ်းဆောင်နေတဲ့ ကိုကို့ဆီ
မောင် တစ်လတစ်ခါသွားပေမဲ့ အရင်လို
အတူမှ ရှိမနေနိုင်တာ။လေလှိုင်းကနေ
တစ်ဆင့် ဆက်သွယ်ရခြင်းက မျက်နှာ
ချင်းဆိုင်တွေ့ပြီးစကားပြောရတာမှ
မဟုတ်ဘဲ။ဘယ်လိုလုပ်အလွမ်းတွေ
ပြေနိုင်မှာလဲ။အသံလေးကြားရရင်တောင်
အလွမ်းပြေမယ်ပေါ့။တကယ်တော့
အလွမ်းတွေမပြေတဲ့အပြင် အလွမ်းတွေက
တိုးသထက်တိုးလာခဲ့ရတာပါပဲ။

"တစ်သက်လုံး အနားမှာခေါ်ထားတော့မှာ"

ကတ္တီပါသားနှင့်လုပ်ထားသည့် ဘူးအဖြူ
ကိုကြည့်ရင်း မောင်ပြောနေတာဖြစ်သည်။
နာရီကိုတစ်ချက်ကြည့်တော့ ကားဂိတ်ကို
သွားသင့်နေပြီ။ခရီးပန်းလာတဲ့ကိုကို့ကို
အဆင်သင့် ကြိုဆိုပြီးစောင့်နေပေးချင်တာ။

'ဒေါက်..ဒေါက်'

"ငါပြီးပြီ နေရှင်း..ဝင်လာခဲ့လေ"

တံခါးကိုကျောပေးကာရပ်နေရင်း အင်္ကျီကို
သေချာပြင်ရသည်။လှည့်ကြည့်ဖြစ်တော့
နှလုံးများ ရပ်သလား။ဒါမှမဟုတ် အပျော်များ
လွန်သလား။ဝဲဘက်ရင်အုံက လှုပ်ခတ်လာ
တော့မှမောင့်မှာ ဟာခနဲ ပြုံးလည်းပြုံး၊
ရယ်လည်းရယ်သည်။

"နေရှင်း ခေတ်ခေတ်ရောလိုက်.."

"surprise!"

အံ့ဩသွားတဲ့ မောင့်ကိုကြည့်ရင်း ခရီးမှာ
ပင်ပန်းလာခဲ့ရသမျှတွေက ပျောက်သည်။
ဒီလူသားက ငါ့အတွက်အရာရာပဲ။

"ကိုကို..ကိုကိုက ဘယ်လိုဖြစ်လို့"

"မောင့်ကို အံ့ဩသွားအောင် လုပ်ချင်လို့လေ"

ပါးချိုင့်တွေပေါ်အောင် ပြုံးတော့ မူပိုင်
သွားတက်လေးလည်းပေါ်သည်။
ရင်ခွင်ထဲ ဆွဲဖက်ထားပစ်တော့ အလွမ်းတွေ
တပွေ့တပိုက်ကိုလည်း ဖြေလျှော့ရသည်။
ဒီလို မဖက်ရတာ သုံးလရှိပြီ။အလုပ်တွေ
ရှုပ်နေလို့ ကိုကို့ဆီသွားဖို့ အဆင်မပြေခဲ့တာ
သုံးလတောင်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now