Chapter-46

14.2K 1.2K 64
                                    

Unicode

မနက်ခင်းတစ်ခုက ခြောက်ကပ်ကပ်နဲ့
သိပ်ပြီးအထီးကျန်ဖို့ကောင်းတာပဲ။
​ပြတင်းပေါက်ဆီမှ မျက်နှာတည့်တည့်သို့
ကျလာသည့် နေရောင်ခြည်ကြောင့်
ထိုးကိုက်နေတဲ့ ခေါင်းကလည်း ပိုကိုက်လာသည်။

"ကိုကို"

အနောက်မှ သိုင်းဖက်လာတဲ့ မောင့်လက်တွေ
ကိုလည်း ငြင်းပယ်မိသည်။ဥပေက္ခာပြုတယ်
ဆိုတာထက် မောင့်အချစ်တွေကို တခြားသူ
တစ်ယောက်နဲ့မျှပြီး မယူချင်ရုံပါ။
အတ္တကြီးတာပဲလားဆိုတာ ကိုယ်တိုင်လည်း
မခွဲခြားတတ်တော့ဘူးမောင်ရယ်။

"မောင်ရှင်းပြတာကို ကိုကိုအရင်နားထောင်နော်။
ပြီးမှ ကိုကိုကြိုက်သလိုလုပ်ပါ"

"နားထောင်ဖို့လိုသေးလို့လား။ငါကိုယ်တိုင်
မြင်ခဲ့ရတာလေ။ငါကိုယ်တိုင် မြင်ခဲ့ရတာကို
ဘာတွေထပ်ပြီး ပြောချင်သေးလို့လဲဟမ်!
မောင်ပြောလေ..ပြောလေကွာ!!"

မောင့်အင်္ကျီကော်လံစကို ဆွဲကိုင်ကာပြော
မိတော့ မောင်ကငြိမ်ခံသည်။
ပြန်တွေးကြည့်မိတိုင်း တနုံ့နုံ့နဲ့ဖြစ်သည်။
ဥစ္စာခြောက်သလိုပေါ့ ငါလည်းမောင့်ကို
ဘယ်သူ့ဆီကိုမှ ထည့်မပေးလိုက်နိုင်ဘူး။
အပျောက်လည်း မခံနိုင်ဘူး။
မောင်ကငါ့အပိုင်။
သော်ယံမောင်ဆိုတာက ငါ့အပိုင်ပဲဖြစ်ရမှာ။

"ကိုကိုမြင်လိုက်ရတာတွေက အထင်လွဲစရာ
ဖြစ်နေမှန်း မောင်သိပါတယ်။ဒါကြောင့်
ခဏလေး၊ခဏလေးပဲ မောင်ရှင်းပြတာကို
စိတ်အေးအေးထားပြီးနားထောင်ပါ..နော်"

ကိုကို့ကို ကုတင်ပေါ်မှာ ထိုင်ခိုင်းမိသည်။
ကိုကို့ပခုံးကိုကိုင်ထားမိတော့ မောင့်လက်
တွေကို ခါထုတ်ခြင်းခံရသည်။
ဒီလိုပစ်ပယ်ခံနေရမှာထက်စာရင်
စိတ်ကြိုက်သာအထိုးခံလိုက်ချင် တော့သည်။

​"ငါ့တို့လမ်းခွဲကြတာ ကောင်းမလားဟင်မောင်"

ဒီစကားက မောင်အကြောက်ဆုံးလက်နက်
ဖြစ်မည်ထင်သည်။မောင်က ငါ့စကားကို
ကြားတာနဲ့မျက်ဝန်းတွေထဲ မျက်ရည်ကြည်
တို့ ရစ်သိုင်းလာသည်။လမ်းခွဲဖို့အထိလို
သလား။မောင့်ခြေထောက်တွေမခိုင်တော့
သည့်အခါ ကိုကို့ရှေ့မှာဒူးထောက်ထိုင်ချ
လိုက်မိသည်။ဒူးထောက်ပြီးတောင်းပန်ရ
မယ်ဆိုလည်းမမှုတာမို့ မောင်တောင်းပန်မည်သာ။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now