Chapter-43

13.9K 1.2K 26
                                    

Unicode

တိုးဝှေ့သွားတဲ့ လေဟာ ချမ်းမြမြနဲ့
ခင်ဗျားလေးရဲ့စကားသံက တိုးဖွဖွပေါ့။

                            ************

မိုးရွာထားတာကြောင့် ခြံထဲမှာရှိတဲ့
နှင်းဆီပင်တို့မှ ပန်းပွင့်တို့က ဝေဝေဆာဆာ။
တချို့သောအဖူးတို့က ပွင့်အာနေသလို၊
တချို့သောအဖူးတို့က ပန်းတွေပွင့်လာဖို့
အစပျိုးပွင့်ကာစနှင့် အစီအရီ။
အိမ်ပြန်ရောက်ရောက်ချင်း ကားပေါ်မှ
ဆင်းပြေးသွားတဲ့ ကိုကို့နောက် မောင့်မှာ
စိတ်မချစွာပြေးလိုက်ရသည်။

"ကိုကို အဲ့လိုမသွားနဲ့လေ..ချော်လဲမယ်"

"အဖြူ၊အနီ၊အဝါ.."

နှင်းဆီအိုးတစ်အိုးချင်းစီ လက်ညိုးထိုးကာ
အရောင်တွေကိုရွတ်ရင်း ပြုံးမိတာဖြစ်သည်။
ပန်းတွေအများကြီးပွင့်နေတော့ စိတ်ကိုလည်း
လန်းဆန်းစေသည်။စံပယ်အိုးပုတ်တို့ကလည်း
ဖြူဖြူဖွေးဖွေးနှင့် အရွက်စိမ်းတွေကြားမှာ
ပွင့်နေတာဖြစ်သည်။စံပယ်ပန်း အနံ့မွှေးမွှေး
တို့ကလည်း ရွှင်လန်းစေတာ အမှန်ပင်။

"မောင် လာကြည့်စမ်းပါဦး၊ဒီမှာနှင်းဆီပန်း
တွေက လှတယ်"

"ဟင့်အင်း..မောင့်လူကြီးလေးကပိုလှတာ"

"အာ မောင်နော်..ငါအကောင်းပြောနေတာကို"

မောင့်ရင်ဘတ်ကို ခပ်ဖွဖွထုရင်း ရင်ခွင်ထဲ
တိုးဝင်လာတဲ့ ကောင်လေးက သဘောတကျ
လည်းပြုံးလို့။တိုက်ခတ်လာတဲ့ လေတို့က
ချမ်းစိမ့်စိမ့်နဲ့မို့ ကိုကို မအေးရအောင်
မောင်က ပိုတိုးဖက်ထားမိတာဖြစ်သည်။
မွှေးကြိုင်ကြိုင် စံပယ်ပန်းအနံ့တွေရယ်၊
မြေသင်းနံ့ရယ်၊ပြီးတော့ မိုးအရသာရယ်
ဒါတွေဟာ စည်းစိမ်တစ်မျိုးလည်းဖြစ်တယ်။

"အိမ်ထဲဝင်ရအောင် အပြင်မှာအေးတယ်"

"ခဏလေး ငါပန်းတွေကို ကြည့်ချင်သေးတယ်"

ခုံတန်းမှာဝင်မထိုင်ဘဲ ပန်းပင်တွေအရှေ့မှာ
ငုတ်တုတ်လေးထိုင်ချတော့ ခြေထောက်က
လည်းနာသည်။ညည်းညူမိတော့ မောင့်မှာ
စိုးစိုးထိတ်ထိတ်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now