Extra-4

11.3K 943 47
                                    

Unicode

ပိတောက်ပန်းတွေကိုသယ်ပြီး အိမ်ထဲဝင်ဖို့
အလုပ် ကိုကို့ပခုံးမှအေးခနဲဖြစ်သွားတာကြောင့် လန့်ပင် လန့်သွားသည်။လှည့်ကြည့်မိတော့
ရေဖလားခွက်ကိုကိုင်ကာ သွားညီညီတန်းတွေပေါ်သည်အထိမောင်ကရယ်ပြုံးပြနေသည်။

"လူလည်လေး ရေလာလောင်းတယ်ပေါ့လေ"

"သင်္ကြန်မှာ ကိုကို့ကိုပထမဆုံးရေလောင်းတဲ့
သူက မောင်ပဲဖြစ်ချင်လို့"

​"ငါလည်းမောင့်ကိုရေပြန်လောင်းမယ်"

မောင့်လက်ထဲမှရေဖလားကိုယူကာ မောင့်ပခုံး
ပေါ်မှ ရေစလောင်းလိုက်သည်။သင်္ကြန်ရေမှာ
အေးမြမြနှင့်ပါပင်။

"မိနွယ်တို့ရှိရင် သူတို့သိပ်ပျော်နေမှာ။
သင်္ကြန်ပြီးရင်တော့ မိနွယ်တို့လာလည်မယ်တဲ့"

သည်အိမ်ဟာ အတိတ်တို့ကိုအမှတ်တရရှိစေ
သည်။လက်ထဲမှပိတောက်ပန်းတို့ကိုကြည့်မိပြန် တော့  ပိတောက်ပန်းကြိုက်သည့်မေမေ့ကိုပင်
သတိရမိစေသည်။မောင်က ကိုကို့မျက်နှာကို
ကြည့်လိုက်တာနှင့်ဘာဖြစ်နေမှန်းတန်းသိသည့်
ပုံပင်။ကိုကို့ကိုဖက်ထားလာ၍ မောင်ကပြောလာ
သည်။

"သတိရတာလည်း သတိရပါ။မောင်မတားဘူး။တစ်ခုတော့ရှိတယ် ကိုကိုစိတ်ပင်ပန်းတာကို
မောင်မမြင်ချင်ဘူးနော်။ပျော်ပျော်နေပါကိုကိုရာ..နော်။ကဲ..ပန်းကိုဘုရားသွားကပ်မှာမလား၊
သွားကပ်လိုက်တော့။မောင်နဲ့နေရှင်းက ခြံရှေ့
မှာ ရေဆော့ဖို့အတွက် အုန်းလက်တွေနဲ့မဏ္ဍပ်
သွားဆောက်လိုက်ဦးမယ်"

"အင်း မောင်။ပြီးရင် ငါလိုက်လာခဲ့မယ်"

ကိုကို့အိမ်မှာ လမ်းမ​၏ဘေးတစ်ဖက်တွင်ရှိ
တာကြောင့်မို့ သင်္ကြန်ကိုကားဖြင့်လည်ကြ
သူများက ထိုလမ်းမှဖြတ်သွားကြပေလိမ့်မည်။
ထို့ကြောင့်မုန့်များဝေဖို့ မုန့်လုံးရေပေါ်ကိုလုပ်ကြ
မည်ဖြစ်သည်။ခြံထဲ၌သာ အခင်းတို့ခင်းထားပြီး
လိုအပ်သည့်ပစ္စည်းများလည်းရှိနေလိမ့်မည်။
ရဲမွန်နှင့်မူယာတို့က အုန်းသီးခြစ်ပြီး၊ထန်းလျက်ခဲများကိုလည်း အသင့်အတင့်ရှိသော အရွယ်
အစားများဖြစ်အောင် ညှပ်နေသည်။
ကျော်မြတ်သာ က ကောင်းဆက်လင်းနှင့်အတူ မုန့်လုံးရေပေါ်လုံးနေတာဖြစ်သည်။မင်းရတုသည် အိုးထဲမှပေါလောပေါ်လာသော မုန့်လုံးရေပေါ်များကိုဆယ်နေလိမ့်မည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now