Chapter-32

17.7K 1.6K 42
                                    

Unicode

နှာခေါင်းထဲသို့ ပိုးသတ်ဆေး အနံ့စူးစူးတို့က
တိုးဝင်လာသည်။မျက်လုံးကိုဖွင့်ကြည့်
ဖြစ်တော့ မျက်နှာကြက်ဖြူဖြူတို့က
စီးကြိုသည်။ခေါင်းဆီမှ တစ်ဆစ်ဆစ်နှင့်
နာလည်းနာသည်။

"အစ်ကိုသတိရလာပြီ။ခဏလေးနော်
ကျွန်တော် ဆရာဝန်သွားခေါ်လိုက်ဦးမယ်"

ဘေးဆီမှ နေရှင်းရဲ့အသံက ထွက်သည်။
ခေါင်းကိုအနည်းစောင်းကြည့်မိတော့ မဖြူ
လည်းရှိသည်။အာခေါင်တွေ ခြောက်လို့
စကားမပြောနိုင် မျက်တောင်တစ်ချက်သာ
ခတ်ပြဖြစ်သည်။မောင့်ကို ရှာကြည့်မိတော့
လည်းမရှိ။ပြီးမှ မောင်ဒီမှာရှိမနေမှန်း သတိရ
တဲ့အဖြစ်။မျက်ရည်ကျတော့ မဖြူက နာတယ်
ထင်ပြီး စိုးရိမ်တကြီးလည်း မေးလာသည်။

"အစ်ကိုလေး ခေါင်းနာနေလို့လား"

မဖြူက စိတ်ပူစွာမေးရှာတော့ ကျလာသည့်
မျက်ရည်တို့ကို ဆေးသွင်းထားသော လက်
ဖြင့် အမြန်သုတ်ပစ်ရသည်။

"ရေ.."

ခြောက်ကပ်ကပ်အသံနှင့်ကြိုးစားပြောမိတော့
ပြတ်ရှရှအသံတို့က ထွက်သည်။

"ရေသောက်ချင်လို့လား အစ်ကိုလေး။
ခဏလေးနော် "

ခဏကြာတော့ နှုတ်ခမ်းပေါ်သို့ရောက်လာ
သည့် ရေစက်အချို့ကို ပါးစပ်ဟကာ ခံယူမိ
သည်။ခြောက်သွေ့နေသည့် နှုတ်ခမ်းသားတို့
အပေါ်  စိုစွတ်လာတော့ နေလို့လည်းကောင်း
သည်။နေရှင်းနဲ့ဆရာဝန်တို့ ရောက်လာကြပြီး
စမ်းသပ်မှုကိုခံယူရသည်။ခေါင်းကိုထိထား
တော့ ဆရာမေးသမျှကိုလည်း ပြန်ဖြေရသည်။

"အစ်ကို သက်သာရဲ့လား"

"အင်း..ဒါနဲ့ဘယ်အချိန်ရှိပြီလဲ"

"အခု ညခြောက်နာရီရှိပြီ"

"ဟို မောင့်ဆီက အဆက်သွယ်ရလားဟင်"

"အစ်ကို ကားတိုက်ခံရတဲ့အချိန်တုန်းက
သော်ယံ ကျွန်တော့်ဆီကို ဖုန်းတွေဆက်ထား
တယ်။ကျွန်တော်လည်း အစ်ကို့ကိုဆေးရုံပို့
နေတာနဲ့ မကိုင်မိဘူး။အဲဒီနောက်ပိုင်းကစပြီး အဆက်သွယ် မရတော့တာ"

"ဪ"

မောင် မသိတာဘဲကောင်းပါတယ်။
အဝေးရောက်နေတော့ စိတ်ဒုက္ခလည်း
မရောက်စေချင်ပါ။အကယ်လို့ မောင်ပြန်
ရောက်လာရင်တော့ ဝမ်းသာရမှာ။
အချိန်တွေတရွေ့ရွေ့နဲ့ ညအမှောင်ထုက
ဖုံးလွှမ်းလာသည်။ကိုကိုလည်း ဆေးအရှိန်
ကြောင့် အိပ်ပျော်တော့ နေရှင်းကလူနာစောင့်
လုပ်ပေးရှာသည်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
သွားတာ ကိုကိုက မောင့်ပြန်အလာကို
စောင့်နေမိရင်းနှင့်ပင်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now