Chapter-55

13.4K 1.1K 54
                                    

Unicode

လူဆိုတဲ့အမျိုးက စပ်စုတတ်ကျသည့်
အမျိုးအစားတွေထဲလည်းပါသည်။
သူတစ်ပါးအား ချိုးနှိမ်ကဲ့ရဲ့ဖို့၊အပြစ်ပြောဖို့
ဆိုလည်း ထိပ်ဆုံးက ပါတတ်ကြသေးသည်။
မောင်တို့လေးယောက်သား အေးဆေးပင်
သွားနေကြသော်လည်း လူတချို့က
ကွက်ကြည့်ကွက်ကြည့်လုပ်သည်။

"ကျစ်! တစ္ဆေသရဲတွေလိုပဲ..ပြူးပြူးပြဲပြဲနဲ့"

မောင်မှ စိတ်မရှည်ဟန်နှင့်ပြောချလာတာဖြစ်
သည်။သူများကိစ္စလည်း စိတ်မဝင်စားတတ်
တော့ ဒီလူမျိုးတွေကို သဘောမကျတာမျိုးပင်။

"သော်ယံရာ လျစ်လျူရှုထားလိုက်စမ်းပါ။
ကိုယ့်ထမင်း ကိုယ်စားတာ..ဘယ်သူ့မှ
ဂရုစိုက်မနေနဲ့"

နေရှင်းကတော့ ဒီလိုမျိုးတွေရိုးနေပြီ။
မိန်းကလေးတစ်ယောက်နဲ့တွဲသွားရင်တောင်
ပြူးပြဲကြည့်ကြတဲ့ သူတောင်ရှိသေးတာ။
ဒီလိုယောကျာ်းနှစ်ယောက်သွားတော့ ပိုဆိုး
ပေါ့။ကိုကိုက အားနာဟန်နှင့် ပခုံးပေါ်မှ
မောင့်လက်ကိုဖယ်ချတော့မောင်က
ဘာလို့လဲဆိုသည့်မျက်နှာထားဖြင့်ကြည့်
လာသည်။ခေတ်ခေတ်ကတော့ ဘာမှမသိ
တာလည်းဖြစ်ပြီး၊ဘာမှမပြောဘဲ နေရှင်း
လက်ကို ကိုင်ထားတာဖြစ်သည်။

"ဘာလို့လဲကိုကို..ရှက်လို့လား"

"မဟုတ်ပါဘူးကွာ။မောင်နေရခက်နေမှာ
စိုးလို့ပါ တစ်မျိုးမထင်ပါနဲ့"

"မောင်ရှက်လို့၊နေရခက်လို့ မဟုတ်ဘူး။
ရွံသလို ကြည့်နေကြတဲ့ လူတချို့ကို
ဒေါသထွက်တာ။တခြားသူတွေကိုကြည့်
လိုက် သူတို့ဘာသာ အေးဆေးသွားလာနေ
ကြတာ။တချို့ဆို ပြုံးပြီးတောင် ကြည့်ကြ
သေးတယ်။သူတို့က ဘာမို့လို့ မောင်တို့ကို
အထူးအဆန်းလုပ်ပြီး ကြည့်နေရတာလဲ"

"ကိုယ့်ထမင်းကိုယ်စားတာ မောင်ဘယ်သူ့
ကိုမှ ဂရုမစိုက်ဘူး။တစ်ခုပဲ ရွံ့သလိုလို၊
အထူးအဆန်းလုပ်နေကြတာကို မောင်
သဘောမတွေ့တာ။မောင့်ကိုကြည့်တာခံ
နိုင်တယ် ကိုကိုတို့ကိုကြည့်တာတော့ ခံပြင်း
တယ်။ခေတ်သွန်းလို ကလေးတစ်ယောက်ကို
အဲ့လိုကြည့်တာလည်းလုံးဝမကြိုက်ဘူး"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now