Chapter-7

23.6K 2.3K 96
                                    

Unicode

ခင်မူယာဆိုတာ ခပ်ချောချော၊ခပ်လှလှ
မိန်းမတစ်ယောက်မို့ မသိစိတ်ကရော၊
သိစိတ်ကပါ သဝန်တိုနေမိတာလေ ကိုကို။

                            **********

စာသင်နေတုန်း ကိုကို့ဆီမှ စာပို့လာတော့
ဆရာမ မမြင်အောင် ခိုးကြည့်မိသည်။
ကိုကို့စာကိုဖတ်ပြီး မောင့်မျက်နှာဟာ
မျက်မှောင်ကုတ်လို့ ဒေါသထွက်မိလာသည်။
Air-con တွေတပ်ထားတဲ့စာသင်ခန်းမို့
ဒီတစ်ခေါက်တော့ ရာသီဥတုကိုအပြစ်တင်လို့
လည်း မရတော့။ကိုကိုပို့လိုက်တဲ့စာမှာ "မူယာ"
ဆိုတဲ့ ဒီမိန်းကလေးရဲ့နာမည်ပါနေတာကြောင့်
မို့ပင် ဖြစ်မည်။

'မောင် ဒီနေ့ကျောင်းကိုလာမကြိုနဲ့တော့၊
မူယာတို့နဲ့ Myanmar Plaza ကိုသွားမလို့၊
မောင် အိမ်ပြန်နှင့်လိုက်တော့နော်'

"တောက်!!"

ခပ်ပြင်းပြင်း တောက်တစ်ချက်ခတ်မိလို့
အရှေ့မှ ဆရာမ​၏စိုက်ကြည့်တာတောင်
ခံလိုက်ရသေးသည်။ဒါကိုလည်း မကြောက်မိ။
ကိုကိုနဲ့သာဆို လိမ္မာနေတတ်တာလည်းဖြစ်​၏။

"ဟေ့ကောင် သော်ယံ..ဘာထဖြစ်တာတုန်း"

ဘေးခုံမှနေရှင်းက ခပ်တိုးတိုးလှမ်းမေးတော့
ခေါင်းသာခါပြဖြစ်သည်။

'မတင်မကျနဲ့ ခင်မူယာဆိုတဲ့ မိန်းကလေးကို
အလကားနေ ကြည့်မရဖြစ်နေမိတာလဲ။
အဲ့တာ ကိုကို့ကြောင့်။ဟုတ်တယ် ကျွန်တော့်
အစ်ကိုမို့ သဝန်တိုတယ်'

"ကျွန်တော့်အစ်ကို့ မို့"တဲ့။
ရိုးရိုးသားသား ခေါင်းစဉ်တော့တပ်လိုက်ပါတယ်....။

အစ်ကို့မို့သဝန်တိုတာပါ။
ဘာစိတ်မှမပါ ပါဘူး။
ဒါကြောင့် ငါးမိနစ်တစ်ခါ ကိုကို့ဆီဖုန်းဆက်ရုံပေါ့။

မူယာတိုနှင့်"အင်းဝ"စာအုပ်ဆိုင်မှာ စာအုပ်
တွေ ရွေးနေဖြစ်တုန်း မောင့်ဆီမှဖုန်းလာသည်။
တကယ်ပါ..မောင်နဲ့ပတ်သက်ရင် စိတ်တွေ
ရွှင်မြူးကုန်တာပါပဲ။

"ဟယ်လို မောင်"

အတန်းပြီးပြီးချင်း ကားဆီအမြန်ပြေးသွားမိ
ရင်း ကိုကို့ဆီလည်း ဖုန်းဆက်မိသည်။
မောမောနဲ့ချွေးသုတ်ဖြစ်တုန်း ကိုကို့ရဲ့
အသံကိုကြားရတော့ အမောပြေလို့ ရင်ထဲ
အေးမြရပါတယ်ဆိုတာလည်း အမှန်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now