Chapter-24

17.9K 1.7K 88
                                    

Unicode

မောင်သောက်တဲ့ စီးကရက်လေးဖြစ်ချင်တယ်။
ဒီလိုမဖြစ်ရင်တောင် မောင်သောက်မဲ့ စီးကရက်
ကို ငါဟာ မနာလိုစွာနဲ့ပဲမီးညှိပေးပါ့မယ်။

                           **********
ညဘက် ခြံထဲမှာ နေရှင်းနဲ့ သောက်စားဖို့
အတွက်ပြင်ဆင်ကြရင်း ကိုကို့ကိုလည်း
ခိုးခိုးကြည့်ရသေးသည်။စာမေးပွဲလည်း
ပြီးသွားတော့ မောင်က လုပ်ငန်းဘက်ကို
လည်း စတင်ခြေလှမ်းနေပြီဖြစ်သည်။
အရင်က သော်ယံမောင်သာဆို clubမှာ
သွားပြီး သောက်စားနေမှာမှန်ပေမဲ့ အခု
သော်ယံမောင်ကတော့ ထိုသို့မဟုတ်တော့
ချေ။အပေါင်းအသင်းများစွာရှိပါလျက်နဲ့
နေရှင်းတစ်ယောက်ထဲကိုသာ မောင်က
အိမ်ကိုခေါ်ခြင်းဖြစ်သည်။
ငယ်ပေါင်းကြီးဖော်ဖြစ်တဲ့နေရှင်းကို
သော်ယံမောင် ယုံကြည်တာကြောင့်ဖြစ်ပြီး
တခြားသောသူများကို မယုံကြည်ပါ။
အဓိကကတော့ ကိုကို့ ကိုသာတွေ့သွားခဲ့
ကြရင် စိတ်ဝင်စားသွားကြမှာကို မောင် စိုးရိမ်သည်။

​စီးကရက်တစ်လိပ်ကို မီးညှိကာသောက်ရင်း
အဝေးမှလာနေသည့် ကိုကို့ကို ငေးကြည့်
မိသည်။ကိုကို့ ခြေလှမ်းတွေက မောင်နဲ့နီး
လာလေ မောင့်စိတ်တွေက ဒီလူသားကိုပိုင်ဆိုင်
ချင်မိလာလေဖြစ်သည်။

"မောင်"

မောင်တို့အရက်နဲ့မြည်းဖို့ မဖြူနဲ့အတူယူလာ
တဲ့ ပန်းကန်အချို့ကို စားပွဲပေါ်တင်ရင်း
မောင့်ကိုခေါ်ကာ မောင့်ဘေးခုံ၌ဝင်ထိုင်
ဖြစ်သည်။မောင်သောက်နေတဲ့ စီးကရက်ကို ကြည့်မိတော့မောင့် နှုတ်ခမ်းနှင့်ထိကပ်ထား
သည့် ထိုစီးကရက်ကို မနာလိုလည်း ဖြစ်မိလာသည်။

"မောင် နေရှင်းရောက်ခါနီးပြီလား"

မောင်က အငွေ့တို့ကိုမှုတ်ထုတ်ရင်း ပြန်ဖြေလာ
သည်။မျက်နှာသို့ စီးကရက်ငွေ့တို့ လာရိုက်ခတ်
တော့ အသက်ရှူလည်းကျပ်သည်။
မနေနိုင်၊မထိန်းနိုင်စွာ ချောင်းဆိုးမိတော့
မောင့်မှာ ပျာပျာယာယာ။

"ရောက်ခါနီးပြီလို့ပြောတယ်"

"အဟွတ်..အဟွတ်"

"ကိုကို မွှန်လို့လား"

"အင်း ရတယ်။ငါ တစ်ခါလောက်သောက်ကြည့်
လို့ရမလား"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now