Chapter-50

14.7K 1.1K 29
                                    

Unicode

နွေဦးလေနဲ့အတူ ရင်အစုံဟာ ပူလောင်
ရပါတယ်ဆို ယုံချင်စရာကောင်းပါ့မလား။

                          **************

ဒီနေ့ဆိုရင် စာမေးပွဲတတိယနေ့ရောက်ပြီ။
သင်္ချာဘာသာရပ်ဖြေဆိုရမှာဖြစ်လို့
ခေတ်ခေတ် ကားပေါ်မှာ ပုံသေနည်းတွေ
ပြန်ကြည့်ဖြစ်ပြီးနောက်တော့ စာအုပ်ကို
လွယ်အိတ်ထဲ ထည့်သိမ်းရတော့သည်။

"ကလေးလေး ခေါင်းရှုပ်သွားမယ်..
စာဆက်မကြည့်နဲ့တော့နော်"

"ဟုတ်ကဲ့ အစ်ကိုနေရှင်း"

"ကိုသု ခေတ်ခေတ်စာမေးပွဲပြီးရင်
ခရီးအတူတူသွားကြမယ်နော်"

"အင်းအင်း သွားကြမယ်၊သော်ယံနဲ့နေရှင်း
တို့က စီစဉ်ထားတယ်တဲ့"

"ဟုတ်ကဲ့"

​မောင်က ရုံးသွားပေမဲ့ ကိုကိုကတော့
နေရှင်းတို့နှင့်အတူလိုက်လာတာဖြစ်သည်။
ဒေါ်လေးနွယ်က ကားပေါ်မှာ တရားခွေ
နားထောင်နေပြီး၊ကိုကိုတို့သုံးယောက်
ကတော့ သစ်ပင်အရိပ်အောက်မှာ ထိုင်ဖြစ်
ကြသည်။နေကလည်း ပူ၊တိုက်တဲ့ လေ
ကလည်း ခပ်ပူပူဆိုတော့ ခေတ်ခေတ်မှာ
ချွေးလည်းထွက်သည်။နေရှင်းက အလိုက်
တသိနှင့် ဘေးမှပန်ကာကိုင်ထားပေးပြီး
ခေတ်ခေတ်က နေရှင်း လက်မောင်းကို
ဖက်တွယ်မှီထားရှာသည်။

သူများတွေကို မိဘအစုံအလင်နဲ့မြင်တိုင်း
ခေတ်ခေတ်မှာ စိတ်မကောင်းဖြစ်သည်။
မရှိတော့တဲ့ ဖခင်ကို တမ်းတမိရှာတာမှန်း
ဒေါ်လေးနွယ်လည်း ရိပ်မိသည်။သို့သော်ငြား
လည်း ဘာမှပြောမထွက်ရက်။ကားပေါ်ကနေ
သူ့သားငယ်ကို လှမ်းကြည့်မိပြီး မျက်ရည်တို့
ဝဲသည်။

"ခေတ်သွန်းလေး ဓာတ်ဆားရေသောက်လိုက်
ဦးနော်..ခေါင်းမူးမှာစိုးလို့"

"ဟုတ် ကိုသု"

"ခေတ်ခေတ်"

"ဗျာ"

"ခေတ်ခေတ်ကို အားလုံးက ချစ်ကြတယ်
ဆိုတာ မှတ်ထားနော် ကလေးလေး။
ခေတ်ခေတ်နားမှာ ကိုယ်တို့အားလုံးရှိတယ်
ဟုတ်ပြီလား"

"ဟုတ်"

မျက်ရည်ကြည်တို့ တလက်လက်နှင့်
မျက်ဝန်းအိမ်ကိုကြည့်မိတော့ ဒီလူရင်မှာ
ခံစားရတာလည်းဖြစ်သည်။ကျောကို
အသာပုတ်ပေးရင်း ကလေးငယ်ကိုနှစ်သိမ့်
ပေးနေမိတာလည်း နူးနူးညံ့ညံ့။
ကိုကိုလည်း ဘေးကနေသာ ငြိမ်ကြည့်မိ
သည်။မိဘမရှိတဲ့ဘဝကို ကြုံခဲ့ဖူးပြီးပြီပဲ။
အစပိုင်းမှာ လက်မခံနိုင်ခဲ့ပေမဲ့ တဖြည်းဖြည်း
နေသားတကျလည်း ဖြစ်လာတယ်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now