Extra-5

11.5K 949 28
                                    

Unicode

လသာသည့်ညက သာယာလျက်ပါပင်။
မြက်ခင်းပြင်ပေါ် မြက်ဖျာခင်းကာ
ခေတ်ခေတ်ထိုင်နေသည်။ထိုင်နေရာမှ လက်ကို
ခုကာ လှဲချလိုက်ပြီးနောက် တစ်ခုခုကိုစားကာ
မိုးပေါ်သို့ကြည့်နေသေးသည်။

"ကလေးလေး"

လသို့ကြည့်နေသည့်မြင်ကွင်း၌ နေရှင်း​၏
မျက်နှာပေါ်လာတော့ ခေတ်ခေတ်ပြုံးပြလာ
သည်။လှဲနေသည့်ခေတ်ခေတ်ဘေး၌ နေရှင်းပါ ဝင်လှဲလာသည်။ညအမှောင်ကြောင့် မျက်နှာကို
သဲသဲကွဲကွဲမမြင်ရပါချေ။ခြံထဲတွင် မီးလည်း
ထွန်းမထားကြပါ။

"ဘာတွေစားနေတာလဲခေတ်ခေတ်"

နေရှင်းလည်း ခေတ်ခေတ်ကိုမကြည့်ဘဲ
လသာနေသည့် ကောင်းကင်ကိုကြည့်ကာမေး​၏။

"ခေတ်ခေတ်သခွားသီးစားနေတာလေ။
ဘာစားလို့စားရမှန်းမသိလို့။သိတဲ့အတိုင်း
ပါးစပ်ကငြိမ်ငြိမ်နေလို့ကိုမရဘူး"

"ဒီတိုင်းလေးနေနေတာတောင် ဘာလို့ချစ်ဖို့
ကောင်းနေရတာလဲကလေးလေး။ကိုယ့်ကိုပြော.."

ကလေးငယ်ကိုအသည်းယားစွာ ပါးပြင်အိအိ
လေးသို့ နှာခေါင်းနစ်ဝင်သည်အထိနမ်းကာမေး
မိပြန်သည်။ကလေးငယ်မှာ သခွားသီးကို
တကျွတ်ကျွတ်မြည်အောင်စားနေလျက်နှင့်
သဘောကျကာရယ်လာသည်။

"အစ်ကိုနေရှင်း ဟားဟား..တော်..တော်တော့။ခေတ်ခေတ်ပါးယားလာပြီ။အစ်ကိုနေရှင်းရဲ့
နှုတ်ခမ်းမွှေးပေါက်စလေးတွေက ယားလို့"

"အဲ့အစ်ကိုနေရှင်းဆိုတဲ့ အခေါ်အဝေါ်ကြီးကို
မပြောင်းတော့ဘူးလား။ကိုယ်မေးတာတွေ
မဖြေမချင်း နမ်းနေမှာကွာ"

"လောင်ကုန်းလို့ခေါ်မယ်လေ ဟားဟား.. "

"တရုတ်လိုမခေါ်နဲ့မြန်မာလိုခေါ်"

"မခေါ်နိုင်ပါဘူး။အစ်ကိုနေရှင်းလို့ပဲခေါ်မှာ။
ငြိမ်ငြိမ်နေတော့။ခေတ်ခေတ်တို့ ဒီတိုင်းလေး
လှဲနေပြီး ကောင်းကင်ကိုကြည့်နေရအောင်။
အဲ တစ်ခုတော့ပိုတာပေါ့နော် ခေတ်ခေတ်က
သခွားသီးပါစားနေမယ်"

ပြောရင်း သခွားသီးကို အသံမြည်အောင်ကျွတ်
ကနဲ ကိုက်စားလိုက်သည်။နေရှင်းက သူ့ကလေး
ငယ်ရဲ့ခေါင်းကို,မကာ လက်မောင်းပေါ်သို့အုံး
စေသည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now