Chapter-35

17.6K 1.4K 33
                                    

Unicode

"တွေ့ဆုံမှုတစ်ခု"

အတိတ်ကာလတချို့ကို ပြန်သွားကြည့်
တော့ ထင်မှတ်မထားတဲ့ တွေ့ဆုံမှုတစ်ခုက
တစ်သက်တာအမှတ်တရအဖြစ် ကျန်ရစ်
နေခဲ့တာမျိုးတွေပေါ့....။

                              ************
ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်က
လှည်းတန်းမှာ မိုးကာဝတ်ထားတဲ့အပြင်
ထီးအဝါကိုပါ ဆောင်းပြီး ကားလမ်းကူး
နေတာဖြစ်သည်။လက်တစ်ဖက်က ထီး
အဝါကိုကိုင်ထားရင်း တစ်ဖက်မှ ဆေးလိပ်
ကိုသောက်သည်။တကယ့်ကို သော်ယံမောင်
ဆိုတဲ့ ဒီကောင်လေးက ဂျစ်ကန်ကန်ရုပ်လေး
နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ပုံစံမျိုး။
Hledan Centreဘက်အခြမ်းကို အရောက်
သူငယ်ချင်းတွေကိုတွေ့တော့ ခပ်သွက်သွက်
လျှောက်သွားတာက သော်ယံမောင်။

"ဟျောင့် နေရှင်း..ငါ့ကိုမိုးရွာနေတုန်း
ဒီနေရာမှာ ဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးကွာ"

"သော်ယံ ဘာအရူးထပြန်ပြီတုန်း"

နေရှင်းတို့ ရှိနေတဲ့ လှေကားဘက်ခြမ်းကို
မတက်သေးဘဲ အောက်မှာ မတ်တတ်ရပ်
လျက် မောင် ပြောနေတာဖြစ်သည်။
မိုးတွေ သည်းသည်းမည်းမည်းရွာတော့
တစ်ယောက် နဲ့တစ်ယောက် ကြားအောင်
လည်းအော်ပြောနေရတာ အူကြောင်ကြောင်
နိုင်သည်။မိုးကာအရှည်ကြီးဝတ်ပြီး ထီးစောင်း
ထားတော့ သော်ယံမောင်က ကြည့်ရဆိုးနေတာတော့အမှန်။

"မြန်မြန်ရိုက်စမ်းပါကွာ"

နေရှင်းတို့လည်း မောင့်ပုံစံကိုကြည့်ကာ
ခေါင်းတခါခါ။ဒီအထူးအဆန်းကို မရိုက်ပေး
ရင်လည်း မရတဲ့အဆုံး ခပ်မြန်မြန်ရိုက်ပြီး
ခေါ်ရသည်။

"ဟေ့ကောင် လာတော့ ရိုက်ပြီးပြီ"

"နေပါဦး မင်းကဘာလို့ဒီပုံစံဖြစ်လာတာလဲ"

"မိုးလုံအောင်လေကွာ"

မောင်က ပြောရင်းနဲ့မိုးကာ အိပ်ကပ်ထဲ၌
ထည့်လာသည့် ကြွပ်ကြွပ်အိတ်အမည်းကို
လည်းထုတ်သည်။နေရှင်းအပါအဝင် တခြား
သူငယ်ချင်းတွေကပါ မောင့်ကို အံ့ဩကြီးစွာ
ကြည့်သည်။ဒီကောင် ဘာအရူးထပြန်ပြီလဲဆို
တဲ့ အကြည့်တွေနဲ့။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now