Chapter 1

50K 1.9K 357
                                    

ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ကမ္ဘာမြေပေါ်ရှိ လူသားတွေရဲ့ အိမ်နီးချင်း‌တွေထဲမှာ Werewolf မျိုးနွယ်စုဆိုတာလဲ အပါအဝင်ဖြစ်ခဲ့‌ပေသည်။ Werewolf တွေနဲ့ လူသားတွေဆိုသည်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ ရောနှောနေထိုင်ခဲ့ကြသူများပင် ဖြစ်သည်။ သို့သော်လဲ Werewolf တွေက လူသားတွေထက် အကြားအာရုံ၊ အမြင်အာရုံ ပိုကောင်းကြသလို ခွန်အားအရာမှာလဲ ပိုပြီးသန်စွမ်းကြတယ်။ ထို့အချက်တွေကြောင့်ပဲ တချို့ Werewolf တွေက လူတွေကို သတ်ဖြတ်လာကြပြီး လူသားတွေကြားထဲမှာ ကြီးစိုးဖို့ ကြိုးစားလာခဲ့ကြသည်။

ထို့ကြောင့် လူသားတွေဖက်ကလဲ မခံနိုင်လွန်းတော့တဲ့ အဆုံးမှာ Hunters တွေပေါ်လာကြပြီး ထို Werewolf တွေကို ရက်ရက်စက်စက် ပြန်ပြီးသတ်ဖြတ်လာခဲ့ကြတော့မှပဲ Werewolf တွေ တောနက်ထဲကို ပုန်းခို‌ထွက်ပြေးသွားကြ‌တော့တယ်။ မျိုးတုံးလုနီးပါး သတ်ဖြတ်ခံခဲ့ရကြတာမို့ အရင်လို လူသားတွေကြားထဲ သိပ်မလာရဲကြတော့။

ထိုသို့နှစ်ပေါင်းများစွာ တစ်ဖက်နဲ့ တစ်ဖက် အပြိုင်သတ်ဖြတ်နေခဲ့ကြရာမှ အသက်ရာကျော်ရှည်တဲ့ Werewolf အကြီးအကဲပိုင်းတွေက လက်နက်ချ အလံဖြူပြခဲ့ကြပြီး Hunters တွေနဲ့ ငြိမ်းချမ်းရေး စာချုပ်တွေ ချုပ်နိုင်ခဲ့ကြတော့မှပဲ Hunters တွေဖက်က သူတို့လူသားတွေကို မနှောင့်ယှက်ရင် Werewolf တွေကို မသတ်ဖြတ်တော့ဖို့ ကတိပြုလာခဲ့ကြသည်။

ထို့ကြောင့် ဆိုးသွမ်းရန်လိုနေတဲ့ Werewolf တွေကို ငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့ Werewolf တွေက အချင်းချင်း ထိန်းသိမ်းကြရင်းနဲ့ပဲ နှစ်ဆယ့်တစ်ရာစုနောက်ပိုင်းမှာတော့ ထို Werewolf များက ရွာလေးတွေကနေမှတဆင့် မြို့အသီးသီး၊ ထို့နောက်မှတဆင့် နိုင်ငံအသီးသီး၌ လူသားတွေမသိအောင် တိတ်တဆိတ်သာ ကျင်လည်ကျက်စားခဲ့ကြပေသည်။ 

ထို့အတွက် အခုရာစုသစ်မှာတော့ မျိုးမတုံးဘဲ ကျန်ခဲ့တဲ့ Werewolf တွေက လူသားအသွင်ယူပြီး လူ‌တွေနဲ့အတူ ရောနှောနေထိုင်နေကြပြီ။ အရင်လို အင်အားမများတော့တဲ့အတွက်ကြောင့်တော့ စည်းကမ်းတကျပဲ နေထိုင်ရဲကြတော့တယ်။

Destiny drew us Together [Completed] Where stories live. Discover now