[6]

728 32 3
                                    

Unicode /

"Hello .....ဆင့်... မင်းအန်တီထားကို.... companyပြောင်းမယ့်ကိစ္စ မပြောရ‌သေးဘူးမလား"

"........"

"ကောင်းပြီ.....ငါလည်းလိုက်ခဲ့မယ်... ..အန်တီထားကိုလဲတွေ့ချင်တယ် ဟုဆိုကာ ရှင်းတစ်ယောက်ဖုန်းချလိုက်သည်။"

ထို့နောက် coffeeဆိုင်မှာ ဆင့် ကို ဝင်ခေါ်ပြီး မြို့ပြနဲ့အနည်းငယ်သာဝေးသည့် သဘာဝ အလှတို့နှင့်ပြည့်စုံနေသည့်အိမ်လေးဆီသို့ ရှင်းတို့ ကားလေး  ဦးတည်လျက်ရှိသည်။ နှစ်ဦးလုံးရောက်သွားချိန်တွင်  ခြံထဲကခုံတန်းလေးပေါ်မှာ ပုတီးစိပ်နေတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ကို ကားပေါ်ကနေလှမ်းတွေ့ နေရပေသည်။ကားကိုခြံထဲတွင် ရပ်လိုက်ပြီး ရှင်းတို့နှစ်ယောက် သမာဓိနှင့်ပြည့်စုံသော အမျိုးသမီးဆီလျှောက်သွားလိုက်သည်။ ဆင့်က နူးညံ့လှသော အသံလေးဖြင့် ထိုအမျိုးသမီးခါးကို ဖက်လိုက်ပြီး ရင်ခွင်ထဲသို့တိုးဝင်ကာ ကလေးတစ်ယောက်နှယ် စကားများကို ပြောနေခဲ့သည်။

"မေမေ ကျွန်တော် Companyပြောင်းတော့မယ်"

ရင်ခွင်ထဲမှာရှိတဲ့ တိမ်ယံဆင့် ကို ဒေါ်သက်ထားမေ ခေါင်းလေးပုတ်ရင်းဖြင့် မေးမြန်းလိုက်သည်။

"အရင် companyကဘာဖြစ်လို့လဲသား......"

"ဟို.....ဘာမှတော့ မဖြစ်ပါဘူး...... ခုcompanyက ကျွန်တော်အလုပ်တွဲလုပ်ချင်တဲ့ companyဖြစ်နေလို့ပါ။"

ဆင့် အရာအားလုံးက်ို ဖုံးကွယ်လိုက်သည်။အကြောင်းပြချက်ကတော့ ကမ္ဘာပေါ်မှာတစ်ဦးတည်းသာကျန်တော့တဲ့ ဆွေမျိုးသားချင်း ဒေါ်သက်ထားမေ အတွက်ဖြစ်ပါလိမ့်မယ်။ ဆင့် သူ့မအကြောင်းကောင်းကောင်းသိသည်။ တစ်နေကုန် ဘုရား၊ တရားနဲ့ပဲ အချိန်ကုန်နေကျဖြစ်တဲ့ သူမအဖို့ Media ဆိုတာသူမနဲ့ မအပ်စပ်တဲ့အရာတစ်ခုလိုပါပဲ။ ဆိုလိုတာက.... ခုFacebook‌ ပေါ် ‌မှာ  bad newsအဖြစ် Top-1 ချိတ်နေတဲ့ ဆင့်နဲ့        ဆူးသစ္စာ တို့သတင်းတောင် ဒေါ်သက်ထားမေဆီ တကူးတကလာပြောလျင်တောင်မှ သိနိုင်ဖို့ခဲယှဉ်းလှသည်။ ဆင့်ကိုယ်တိုင်ကလည်း သတင်းကောင်းမဟုတ်ရင် မပြောပြချင်တာလည်းပါပေမဲ့ သူမကိုစိတ်ဆင်းရဲအောင် မလုပ်ချင်တာလည်းပါပေသည်။ ရှင်း လိုလူကလည်း ဆင့်ရဲ့စိတ်ကို အမြဲသိနေတတ်သည့် လူတစ်ယောက်ဖြစ်သည့်အတွက် ဘယ်သတင်းမဆို ဒေါ်သက်ထားမေ ရှေ့မှာ မစဉ်းစားမချင့်ချိန်ပဲမပြောဘူးခဲ့။ ထိုကြောင့် ယခု companyပြောင်းတဲ့ ကိစ္စဟာလည်း နောက်ကွယ်မှာဆိုးဝါးတဲ့အကြောင်းပြချက်ရှိနေသည်ကိုလည်း သူမ မရိပ်မိခဲ့သလို ၊သိလည်းမသိရှိခဲ့‌ပေ။

Hate Poem Written With Love࿐Where stories live. Discover now