[46]

361 15 5
                                    

[Unicode]

" ဆရာဝန်ရောက်ပြီလား "

" ရောက်ပြီ.... ကိုးလ်အခန်းရှေ့မှာ  "

" အခန်းထဲမဝင်ဘဲ သူကအခန်းရှေ့မှာ ဘာလုပ်နေတာလဲ "

လေပြေရှင်းဟာ စိတ်တိုလွန်းသဖြင့် အော်ဟစ်လျက် ကိုးလ်အခန်းဆီ ဦးတည်သွားနေခဲ့လေသည်။

" ဟို....ကိုးလ်က အထဲကတံခါးပိတ်ထားလို့ သူဝင်မရလို့ပါ "

ခြေလှမ်းကြဲများသည် အိမ်အကူ၏ စကားမဆုံးခင်မှာတင် ကိုးလ် အခန်းရှေ့သို့ ရောက်သွားခဲ့လေပြီ။ ဆရာဝန်ကို တစ်ချက်လှမ်းကြည့်လိုက်ချိန်တွင် ရှင်း၏ အကြည့်စူးစူးများကြောင့် ခေါင်းငုံ့ကြလေသည်။ ထပ်မံကျရောက်လာသော ဒေါသတို့ကို ဆရာဝန်ဆီပုံကျမသွားစေရန် နောက်ဆုံးအသိစိတ်လေးဖြင့် ထိန်းသိမ်းလိုက်ပြီး အနည်းငယ်နီရဲနေပါသည့် လက်ချောင်းများသည် ဂငယ်ကွေးသဏ္ဍာန် ပြုမူလိုက်လျက် ညင်သာမှုနှင့် စိုးရိမ်မှုတို့ရောယှက်ကာ ကိုးလ်အခန်းကို တီးခေါက်လိုက်သည်။

" ဒေါက် ....ဒေါက်....ကိုးလ်.... "

" ....... "

အထဲမှ မည်သည့်တုန့်ပြန်မှုမှ ရှိမလာခဲ့ပေ။

" ကိုးလ်..... ကိုယ့်ကိုတံခါးဖွင့်ပေးပါဦး "

" ........... "

" ဒေါက်....ဒေါက်.... "

ရှင်းဟာ တံခါးထပ်ခေါက်လိုက်ပြီး ထပ်မံအသံပြုလိုက်လေသည်။

" ကိုယ့်ကိုတံခါးဖွင့်ပေးပါဦးနော် ကိုးလ် "

" ........ "

" ကိုယ်စိတ်ပူတယ် "

" ကျွီ.... "

တံခါးဟာ ပွင့်လာခဲ့လေ‌ပြီး ရှင်းနဲ့ ကိုးလ်မှာကား မျက်နှာချင်းဆိုင် အနေအထားသို့ ကူးပြောင်းသွားလေသည်။ ကိုးလ်တစ်ယောက် အိပ်နေခဲ့ရာမှ ပြန်နိုးလာချိန်တွင် သူ့အခန်းရှေ့၌ လူအများကြီးရပ်စောင့်နေခဲ့ပြီး အထူးသဖြင့် လေပြေရှင်းအား စိုးရိမ်နေသည့်မျက်နှာနှင့် တွေ့လိုက်ရလေသည်။ သူအိပ်နေစဉ်အတောအတွင်း ဘာတွေဖြစ်ပျက်သွားလဲ မသိသော်လည်း အရာအားလုံးဟာ လိုက်မမှီနိုင်‌အောင် ထူးဆန်းနေခဲ့လေသည်။ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ရှင်းကို မော့ကြည့်နေရင်းမှ အနောက်က လူတစ်သိုက်ကိုလည်း လှမ်းကြည့်လိုက်သေးလေသည်။

Hate Poem Written With Love࿐Kde žijí příběhy. Začni objevovat