Intro

8K 146 6
                                    

[Unicode]

ဒီဇာတ်လမ်းက မစသင့်မှန်းသိခဲ့ပေမယ့် နှလုံးသားအလိုကို ဘယ်သူကမှ မလွန်ဆန်နိုင်ခဲ့ကြဘဲ။ နာကျင်နေလည်း ထွေးပွေ့ထားချင်တာ အချစ်ဆိုတဲ့အရာပဲမလား။ လူတိုင်းချစ်ဖူးခဲ့ကြတာပဲ။ဒါပေမယ့်သင်မြင်ခဲ့ဖူးတဲ့ ဆက်ဆံရေးတွေမှာကော နောက်ဆုံးချိန်ထိ လက်တွဲမဖြုတ်ဘဲ ပေါင်းဖက်သွားနိုင်တဲ့လူ ရှိပါတယ်လို့ ရဲရဲကြီးပြောနိုင်လား။ လူတိုင်းလက်ညှိုးထိုး ဝိုင်းလှောင်နေတာတောင် ချစ်သူနဲ့တွဲထားတဲ့လက်ကို မဖြုတ်ဖို့ခင်ဗျားတို့ သတ္တိရှိရဲ့လား။

ဒီပုံပြင်ထဲက ကောင်လေးနှစ်‌ယောက်ကတော့ ကိုယ့်ကိုကိုယ်လိမ်ညာပြီး လက်တွဲဖြုတ်ခဲ့ကြဖူးတယ်။ ဒါကလောကဓံရဲ့ ရိုက်ခတ်မှုဒဏ်ကို မခံစားနိုင်လို့လား ဒါမှမဟုတ် ကြုံလာရတဲ့အထင်အမြင်သေး ပစ်ပယ်မှုတွေအပေါ်မှာ ချစ်သောသူကို ယှဉ်တွဲမခံစားစေချင်တဲ့အတွက် လွတ်လပ်စွာပျံသန်းနိုင်အောင် လက်တွဲဖြုတ်ပေးလိုက်ခြင်းလား။

လူတစ်ယောက်ကမေးဖူးတယ်။

" မင်းသူ့ကိုအရမ်းချစ်တာ မဟုတ်ဘူးလား။ ဘာလို့အဝေးကိုတွန်းပို့လိုက်တာလဲ။ သူမရှိဘဲမင်းနေနိုင်လို့လား သူ့အတွက်နဲ့ အရာအားလုံးကို အတိုက်အခံလုပ်ခဲ့ဖူးတယ်မဟုတ်ဘူးလား "

အဲ့တုန်းကတော့ ဘာမှပြန်မဖြေခဲ့ဖူးပေ။ အမူအယာကင်းမဲ့နေသော သူ့ကိုကြည့်ပြီးထိုသူက သက်ပြင်းချကာ ဆက်ပြောလာခဲ့သည်

"မင်းကြည့်ရတာ သူမရှိလဲအဆင်ပြေနေတဲ့ပုံပါပဲ "

ထိုစကားကိုကြားပြီး ပြဒါးရံဝမ်းနည်းစွာ တွေးမိသည်။ သို့သော်အပြင်ဘက်တွင်တော့ တည်ကြည်လှသော မျက်နှာတော်က နှုတ်ခမ်းသားမှာ ပြုံးယောင်သန်းလျက်ရှိသည်။

" နာကျင်နေတာ နှလုံးသားလေ မျက်နှာမှာဘယ်ပေါ်ပါ့မလဲ "

" မွှေးတိုင်းလည်း ပန်းမဟုတ်သလို
ချိုမြိန်တိုင်းလည်း အချစ်မဟုတ်ခဲ့ဘူး
ဆုတောင်းလေးတစ်ခုသာ ပြည့်ခွင့်မည်ဆိုလျှင်
နာကျင်တိုင်း နှိုးဆွခံတဲ့နှလုံးသားတစ်စုံမှာ
သေရာပါဒဏ်ရာတွေနဲ့ သွေးအလိမ်းလိမ်း
ဖြစ်ပါစေသား "

Hate Poem Written With Love࿐Where stories live. Discover now