[44]

289 15 1
                                    

[Unicode]

ထိုင်ခုံပေါ်တွင်တောင့်တင်းနေသော ကိုးလ်အား ကြည့်ရသည်မှာ လွန်စွာမှသနားချင့်စရာ ကောင်းလှချေ၏။ ထို့ပြင် တစ်နည်းတစ်ဖုံလည်း စိတ်လုံခြုံရာရပ်ဝန်းလေး တည်ရှိနေသကဲ့သို့ ချစ်ခင်စွဲမက်ဖို့ရာလည်း ကောင်းနေခဲ့ပြန်လေသည်။ ရှင်းမှာ ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်နေရကာ စားပွဲအောက်က မရပ်မနားတုန်ယင်နေသော ကိုးလ်၏ ခြေထောက်များကို မသိကျေးကျွန်ပြု ဟန်ဆောင်လိုက်ပြီး ဟန်မပျက်စကားဆက်ပြောနေခဲ့ပါတော့သည်။ ၎င်းမှာကား ကိုးလ်အပေါ် မသိမသာအနိုင်ကျင့်နေခြင်းနှင့် သိပ်ကိုဆင်တူလှချေ၏။

" ရှင်း "

ကိုးယ်၏ အသံတိုးဖွဲဖွဲလေးသည် ရှင်း၏ အကြားအာရုံထဲကို ဝင်ရောက်ချယ်လှယ်လာရုံသာမက အာရုံငါးပါးကိုပါ ကြိုးကိုင်လာခဲ့လေသည်။ စိတ်အစဉ်သည် ကိုးလ်ဆီ၌သာ ဌာနေတည်နေပြီး အရာခပ်သိမ်းမှာကား စာဖွဲ့ဖြိုရာတောင် စံချိန်မမှီသည့် အညတရများအဖြစ်သို့ ကူးပြောင်းသွားခဲ့သည် ဖြစ်လေသည်။

" ဟင် "

" ကျွန်တော် ..... အဆင်သင့်မဖြစ်သေးဘူး ... အရမ်းရုတ်တရက်ဆန်လွန်းတယ် "

" ကိစ္စမရှိပါဘူး သူကအဲ့လောက် ကြောက်ဖို့မကောင်းပါဘူး "

" အင်း .... ကျွန်တော်အတွေးလွန်နေတာပဲ ဖြစ်မှာပါ "

" ကိုးလ် စိတ်မပူပါနဲ့....ကိုယ် ကိုးလ်ကို ဒုက္ခရောက်အောင် မလုပ်ပါဘူး "

" ကျွန်တော်သိပါတယ် "

" ဟွန့်....ဟွန့် "

ခေါင်းချင်းဆိုင်၍ စကားလက်ဆုံကျနေသော ရှင်းတို့ နှစ်ယောက်အား တတိယဘီးလေးဖြစ်သည့် ဆိုင်ပိုင်ရှင်မှာ ချောင်းအတုဆိုး၍ အသံပြုလာလေသည်။ ပြေပြစ်သောအပြုံးတစ်ခုအား ဖန်ဆင်းယူလိုက်ပြီး တတိယလူအားပြုံးပြလိုက်ကာ ရှင်းက အလိုက်မသိသည့် စကားကိုတည့်တိုးဆန်စွာ ဆိုလိုက်လေသည်။

" တောင်းပန်ပါတယ်..... ကျွန်တော့်အိမ်ကလူက လူကြောက်တတ်လို့နှစ်သိမ့်ပေးနေတာပါ "

ထိုစကားကြောင့် နှစ်ယောက်စလုံးမှာ ကိုးလ် ဘက်သို့လှည့်ကြည့်လာလေသည်။ မသိလိုက်ပါလျှင် မိမိမှာ တတိယမြောက်လူအား ကြောက်လန့်တုန်လှုပ်နေသောကြောင့်ဟု အထင်လွဲနိုင်ဖွယ်ရာ စကားပင်ဖြစ်လေ‌သောကြောင့်ပင်။ လေပြေရှင်းမှာတော့ ဒီတိုင်းပါးစပ်ထဲရှိရာ ပြောလိုက်သည့် စကားတစ်ခွန်းဖြစ်ပါသော်လည်း ကိုးလ်အတွက်တော့ အလွန်တရာအားနာဖို့ ကောင်းလွန်းလှသည့် အခြေအနေတစ်ရပ်သို့ ချက်ခြင်းကူးပြောင်းသွားခဲ့ပါတော့သည်။ အားနာလွန်းလို့ စကားများပင် ထစ်လာခဲ့ပြီး မျက်နှာများနီရဲလာခဲ့သည့် အထိပင်ဖြစ်သွားခဲ့‌တော့သည်။

Hate Poem Written With Love࿐Where stories live. Discover now