[60]

494 13 5
                                    

[Unicode]

( စိတ်အခြေအနေမကောင်းရင် မဖတ်ပါနဲ့ )

" Daddy "

ထိန့်လန့်တုန်လှုပ်နေသော ရှင်းရဲ့ ခေါ်သံကြောင့် ထိုအမျိုးသားက လှုပ်လှုပ်ရှားရှား ပြုလာသော်လည်း ပါးစပ်နဲ့ မျက်လုံးများကို ပိတ်ပင်ထားသော ပိတ်စများကြောင့် အသံတစ်စုံတစ်ရာတော့ ထွက်မလာခဲ့ချေ။

" အွန်း "

ရှင်း ခန္ဓာကိုယ်တွင်းမှ သွေးဟူသမျှသည် ပွက်ပွက်ဆူကာ လောင်ကျွမ်းနေသည့်အလား ဒဏ်ရာဒဏ်ချက်ပေါင်း များစွာဖြင့် အဖေဖြစ်သူအား မြင်လိုက်ရချိန်တွင် အရာရာဟာ နောက်ပြန်ဆုတ်လို့မရတော့မှန်း နားလည်လိုက်သည်။

" ကိုးလ်စစ်ဟန် မင်းငါ့အဖေကို ဘာလုပ်လိုက်တာလဲ "

" ဒါက ကျွန်တော်တို့ရဲ့ ဧည့်သည်ကို ကြိုဆိုတဲ့ပုံစံပဲလေ....ဘာလဲ မကြိုက်ဘူးလား "

" မင်းပါးစပ် ပိတ်ထား "

" မှတ်မိသေးတယ် ရှင်း ကျွန်တော့်ကို လေသံမာမာနဲ့ တစ်ခါမှ မအော်ဖူးဘူးသလားလို့။ ဒါပေမယ့် ကိစ္စမရှိပါဘူး ရှင်းကြောင့် ကျွန်တော့်အစီအစဉ်တွေ အကုန်ဖြစ်မြှောက်သွားတာဆိုတော့ ကျွန်တော်က ပြန်ကျေးဇူးတင်ရမှာပေါ့ "

" ငါ့ကြောင့်မင်းအကြံအစည်တွေ အောင်မြင်ကုန်တာ ? "

" ဟုတ်တယ်လေ.... စာကြည့်ခန်းထဲကိုသာ ဝင်ခွင့်မပြုခဲ့ဘူးဆိုရင် ကျွန်တော် ဘယ်လိုလုပ် အသံဖမ်းစက်တပ်ပြီး ဦးမင်းအာကာရှိနေတဲ့ နေရာကို ရှာနိုင်မှာလဲ။ ဒီကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ ရှင်းကို သက်သောင့်သက်သာ သေခိုင်းမှာပါ "

" ငါမင်းကို ယုံကြည်ခဲ့တာကို....မင်းကငါ့ကို အသုံးချစရာ အရာဝတ္ထုတစ်ခုလို့ပဲ တွေးနေခဲ့တာပေါ့ "

" ပြင်လို့မရတဲ့ဖြစ်တည်မှုမှာ ရွေးချယ်ခွင့်ဆိုတာမရှိဘူး ။ အလိုက်သင့် စီးမျောပြီး ကံကြမ္မာကိုအံတုလို့ပဲရတယ် "

ကိုးလ်က လေပြေရှင်းကို ကြည့်ပြီး ထပ်ပြောလာခဲ့ပါ၏။

" ကျွန်တော်တို့နှစ်ယောက်က ရန်သူတွေပဲ ....တစ်သက်လုံးလည်း ရန်သူတွေပဲဖြစ်နေမှာ "

Hate Poem Written With Love࿐Where stories live. Discover now