[1]

3.6K 95 4
                                    

Unicode/

ရန်ကုန်မြို့ .......အများစုအတွက်တော့ လှပပြီး
ပျော်ရွှင်မှုတွေစုဝေးတဲ့ နေရာတစ်ခုဖြစ်နိုင်ပေမဲ့ ကျွန်တော့်အတွက်တော့ .....အချစ်နဲ့ အမုန်းတို့လွန်ဆွဲနေတဲ့ နေရာတစ်ခုပါပဲ ။
ပျော်ရွှင်မှု ၊ နာကျင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ မြို့တစ်ခုပါပဲ ။

အဲ့ဒီ့နေ့မှာသာ သူနဲ့ မတွေ့ဖြစ်ခဲ့ရင် ၊ မဆုံဖြစ်ခဲ့ရင် ၊ ကံကြမ္မာကသာ မတွေ့ဖြစ်အောင်မျက်နှာသာပေးခဲ့ရင် ၊ အားလုံးအဆင်ပြေနေခဲ့မှာပါ ။ သူနဲ့မတွေ့ခဲ့ခင်တုန်းကလို ပျော်ရွှင်မှုဆိုတာ ဆင့် အတွက်အပေါများဆုံး အရာတွေဖြစ်နေခဲ့မှာပါ ။

ခုတော့နောက်ဆုံး ဆင့် ဆီမှာကျန်နေခဲ့တာတွေက လူအများရဲ့ စက်ဆုတ်ရွံရှာတဲ့အကြည့်တွေရယ် ၊ ဒဏ်ရာရနေတဲ့ နှလုံးသားတစ်စုံရယ် ၊
ပျက်စီးယိုယွင်းနေတဲ့ စိတ်အခြေအနေရယ်ကပဲဆင့် ဘေးမှာအဖော်ပြုလို့နေတယ် ။

အဆိုးဝါးဆုံးမှတ်ဥာဏ်တွေနဲ့ ပြည့်နေတဲ့ ဒီမြို့မှာ ဆင့် တစ်ခဏတောင်မနေချင်တော့ပါ ။
ဒါက ထွက်ပြေးလွတ်မြောက်ခြင်းလား ၊ ကိုယ်လွတ်ရုန်းခြင်းလား ဆိုတာလည်း ဆင့် သေချာမသိတော့ပါ ။ အရာအားလုံးကို.... အထူးသဖြင့် အတိတ်နဲ့သူ့ကို ထားခဲ့ပြီး အဝေးဆုံးတစ်နေရာကို ထွက်သွားဖို့ ဆင့် ဆုံးဖြတ်ခဲ့ပေသည် ။

မျက်စိပိတ်လိုက်စဥ်ခဏမှာပဲ အရင်က သူ နဲ့ပက်သက်ခဲ့သမျှ အကြောင်းအရာအားလုံး ရုပ်ရှင်ပြကွက်တွေလို ဆင့် အာရုံထဲပေါ်ထွက်လာခဲ့သည် ။

"ဘယ်လောက်ပေးရမလဲ"

"ကိုယ်က တရားဆွဲချင်တာ"

"သတ်လိုက်... ကိစ္စမရှိဘူး"

"ကို့...ဝါသနာက ဆင့် ကိုစရတာ"

"ကိုယ်တို့တွဲရအောင်"

"ကျွန်တော် တိမ်..ယံ..ဆင့် ..ကို ဘယ်တုန်းကမှ..မချစ်ခဲ့ဖူးဘူး"

ဆင့် မျက်လုံးပိတ်ထားလိုက်ရင်း အားလုံးကိုမေ့ပြစ်ဖို့ ကြိုးစားလိုက်ပေမဲ့ အတိတ်ကထိုသူ့ရဲ့စကားသံတွေက ယခုထိနှောက်ယှက်နေတုန်းပင် ၊ ကျဆင်းလာတဲ့ မျက်ရည်စီးကြောင်း တစ်ခုကို ဘယ်သူမှမမြင်ခင် အလျင်အမြန်သုတ်ပစ်လိုက်ပြီး မျက်လုံဖွင့်လိုက်ချိန်တွင် ဆင့် ရှေ့မှာရှိနေခဲ့တာက airportတစ်ခုရယ် ၊ ဆင့် ဘေးမှာရှိနေတဲ့ ရှင်း တစ်ယောက်ရယ်သာ ။

Hate Poem Written With Love࿐Where stories live. Discover now