[16]

505 16 2
                                    

                            [Unicode]

စားသောက်ပြီးစီးသွားသည့်အခါတွင် အကြောင်းပြချက်မျိုးစုံဖြင့် ပြန်ရန်လမ်းဖွင့်ကြတော့သည်။ ကိုးလ်က အရင်စကာ

" ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး ဒီဇိုင်းအတွက် လိုအပ်တာတွေပြင်ဆင်ချင်လို့ပါ "

" ကျွန်တော်လည်းတူတူပဲ "

လေပြေရှင်းက ပြောလိုက်ခြင်းဖြစ်လေသည်။ တိမ်ယံဆင့်က နားမလည်နိုင်ဟန် အကြည့်များကိုဝေ့ဝဲလျက် ရှင်းကိုကြည့်လိုက်ကာ ပြောလာခဲ့သည်။

" မင်းမှာ ဘယ်တုန်းကများ ဒီဇိုင်းအတွက် ပြင်ဆင်စရာရှိသွားတာလဲ "

ဒီအထူအပါးနားမလည်သော သူငယ်ချင်းကို ရှင်းက အကျယ်ချဲ့၍ထပ်မံ ရှင်းပြရလေသည်။ စိတ်မရှည်မှုက အနည်းငယ်ခိုအောင်းနေသော်လည်း အမူအယာကတော့ သိမ်မွေ့နေဆဲပင်။ ဆွဲဆောင်မှုရှိကာ တစ်လက်လက်တောက်ပနေသော အဖြူရောင်စိန်ပွင့်နှယ် အသွင်ဆောင်၏။

" ငါပြောတာ ပြန်တော့မယ်ဆိုတဲ့အချက်က အတူတူပဲ "

ရှင်းက ကိုးလ်ဘက်သို့လှည့်ကာ နှစ်ယောက်ထဲ စကားပြောဖို့ အခွင့်အရေးရရန်အတွက် ဖန်တီးလေသည်။ သီးသန့်နေတတ်‌သော ရှင်းက ဆန်းကျယ်စွာ ကိုးလ်ကို အာရုံစိုက်မိနေခဲ့သည်။ အကြောင်းအရင်းမှန် ရေရေရာရာမရှိသော်လည်း ထိုအရာက သူ့စိတ်ဆန္ဒ၏စေခိုင်းချက် ဆိုသည်မှာကတော့ သေချာလှသည်။

" ကိုးလ် ကိုယ်နဲ့အတူပြန်ရအောင်ရအောင် လိုက်ပို့ပေးမယ် "

တိမ်ယံဆင့်အပါအဝင် ကျန်သုံးယောက်သည်လည်း ရှင်းကို အံ့ဩစွာကြည့်နေခဲ့သည်။ ပြဒါးရံနှင့် ယွန်းဟေမီက လေပြေရှင်းနှင့် လုပ်ငန်းအရ ပြောဆိုဆက်ဆံဖူးသောကြောင့် လူတစ်ယောက်၏ အမူအကျင့်ကို အနည်းနှင့်အများတော့ ခန့်မှန်းမိလေသည်။လေပြေရှင်းနှင့် သက်တမ်းတစ်ဝက်နီးပါး အတူသွားလာခဲ့ဖူးသော တိမ်ယံဆင့်ဆိုလျှင် မထင်မှတ်ထားသော စကားကြောင့် ပါးစပ်အဟောင်းသား ငေးကြည့်ရုံသာ တတ်နိုင်သည်။ ရှင်းက စိတ်အပြောင်းအလဲမြန်သည်မှန်သော်လည်း သူ့ကားပေါ် တိမ်ယံဆင့်မှလွှဲ၍ ဘယ်သူစိမ်းတစ်ယောက်ကိုမှ ခေါ်မတင်ဘူးပေ။ ဤအချက်ကိုသိနေသော ဆင့်သည် ရှင်း၏စတင် ဖိတ်ခေါ်မှုကို အံ့ဩသွားသည်က မထူးဆန်းဘူးဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ သို့သော်ဝင်မပြောဘဲ တစ်ဖက်လူတုန့်ပြန်မည့် အပေါ်သာ ကျန်သူများနှင့်အတူ စောင့်ကြည့်နေလိုက်သည်။

Hate Poem Written With Love࿐Where stories live. Discover now