[32]

356 12 0
                                    

[Unicode]

ပွဲခန်းမက စက္ကန့်ပိုင်းအတွင်းရှင်းလင်းသွားခဲ့ပြီး  Facebook နှင့် အခြား ဆိုရှယ် mideaပေါ်တွင်  သျှားစစ်မီးလျှံ၏ပုံရိပ်များ ပလူပျံနေခဲ့သည်။

ဆင့် ခေါင်းတစ်ခါခါနှင့် ‌စက္ကန့်ပိုင်းအတွင်း ရှာဖွေမှုနည်းသွားသော သူ့သတင်းများအားကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် လူတွေရဲ့အာရုံစိုက်မခံရတာလည်း အလွန်ကောင်းသည်ဟု ထပ်တွေးမိလိုက်သေးလေသည်။

" ဆင့် .... "

ပြဒါးရံခေါ်သံကြောင့် လှည့်ကြည့်လိုက်ပြီး ကမ်းပေးလားသော ရေသန့်ဘူးကို ဖွင့်သောက်လိုက်သည်။

" ရံ ကျွန်တော်ဘာမှမစားရသေးဘူး "

" ကိုယ် လူရှင်းပြီး စိတ်ချရတဲ့ဆိုင်သိထားတယ် အဲ့ကိုသွားရအောင် "

ပြဒါးရံဦးဆောင်ခေါ်သွားသော ဆိုင်သို့သာဆင့်အသာတကြည် လိုက်သွားလိုက်လေသည်။ ယခုလောလောဆယ်တွင် ဗိုက်ဆာနေတာတစ်ခုကလွဲလို့ သူတခြားဘာမှစဉ်းစားမရဘဲ ရှိနေသောကြောင့်ပင်။

အိမ်ပြန်လမ်းကအခြားသူတွေအတွက် လွယ်ကူရိုးရှင်းလွန်းသော်လည်း ဟွမ်အတွက်တော့ အခက်အခဲပေါင်းစုံနှင့် မရဏလမ်းလိုဖြစ်သည်။ သူ့နောက်ကြောင်းတွေကို  flame ကအကုန်သိရှိနေသည့်အပြင် ထိုသူမှာ မိမိတို့နှင့် ရန်ငြိုးရှိဖူးပါသည့် သျှားစစ်မီးလျှံ အဖြစ်အသက်ရှင်နေခဲ့လေသည်။ ကြုံရာပန်းချီခန်းမတစ်ခုဆီသို့ ဝင်လိုက်ပြီး အိန္နြေမဆယ်နိုင်အောင် ပူပန်နေသောသူ့ပုံကို ပန်းချီကားများဆီသာ ဖွင့်လှစ်ပြသလိုက်သည်။ ဒီနေရာသို့သူရောက်နေပြီမှာ အတော်ကြာပြီဖြစ်ပြီး စရောက်ချိန်က လူအလွန်များပြားလျက်ရှိသည်။ သို့သော် ယခုချိန်တွင်တော့ လူနှင့်တူသောအရာဆို၍ သူတစ်ယောက်ရယ် ပြခန်းတာဝန်ရှိသူရယ် ၊ လုံခြုံရေးအချို့သာ ကျန်ရှိတော့သည်။ စိတ်အပန်းဖြေရန် ဝင်လာလိုက်ခြင်းဖြစ်သော်လည်း အလိုမကျမှုက ပိုလို့စိုးဝါးလာခဲ့သည်။ ပြခန်းမှာအပြင်ဘက်ကမ္ဘာနှင့် သီးသန့်ခွဲထွက်နေသည်ဟု ဟွမ်တွေးထင်မိသည်။ သူ့စရောက်ထဲက နှင့် တစ်ပုံစံထဲဖြစ်တည်နေသောကြောင့်ပင်။ ခန်းမထဲက ထွက်သွားလိုက်လျှင် မိုးချုပ်နေပြီလား မပြောတတ်သော်လည်း ဟွမ်ရှိနေရာအရပ်ကတော့ ပုံသေထုဆစ်ထားသည့်အလား ပြောင်းလဲခြင်းအလျဉ်းမရှိပေ။

Hate Poem Written With Love࿐जहाँ कहानियाँ रहती हैं। अभी खोजें