[38]

364 17 1
                                    

[Unicode]

မှန်ရှေ့မှာ မတ်တပ်ရပ်နေခဲ့သည်မှာ အချိန်အတိုင်းအတာတစ်ခုလောက်တော့ ရှိပေလိမ့်မည်။ အတွေးပေါင်း သောင်းခြောက်ထောင်ကို တွေးနေခဲ့ချိန်တွင် နဖူးပေါ်ဝဲကျနေသော ဆံသားမှတစ်ဆင့် ရေစက်များ တစ်စက်ပြီးတစ်စက် ကျဆင်းလာတာကို သူဆက်ပြီးငေးကြည့်‌နေခဲ့သည်။ စိတ်ပါဝင်စားမှု လုံးဝရှိမနေခဲ့သလို ရေချိုးပြီးခါစ အအေးဓာတ်က သူ့ခန္ဓာကိုယ်အနှံ့ လွှမ်းခြုံနေခဲ့သော်လည်း သူ့စိတ်အစဉ်ကတော့ ပူလောင်မွတ်သိပ်နေခဲ့သည်။

" ဟူး..... "

သက်ပြင်းချသံတစ်ချက်နဲ့အတူ လက်ချောင်းများက မျက်ဝန်းတစ်ဝိုက်ကို ခပ်ဖွဖွပွတ်သပ်နေခဲ့မိသည်။ မှန်ထဲတွင် ရောင်ပြန်ဟပ်နေသော ပုံရိပ်‌‌ယောင်ကို ကြည့်ရှုနေရင်း တစ်စုံတစ်ရာက ထူးဆန်းနေသည်ကိုတော့ သူသတိထားမိလေသည်။ သို့သော် ဘယ်အရာကထူးဆန်းနေတာလဲ သူလုံးဝအဖြေရှာမရဘူးပဲ။ ဒါမှမဟုတ် သူဆိုတဲ့ဖြစ်တည်မှုကပဲ ထူးဆန်းနေခဲ့တာလား။

အခုနောက်ပိုင်းတွေမှာ သူကိုယ်တိုင်သတိထားမိတာ တစ်ခုက သူဟာလုံးဝပြောင်းလဲ သွားခဲ့လေပြီ။ သူ့ရဲ့အတွေးအခေါ်၊ အလုပ်လုပ်ပုံ ၊စကားပြောတာကအစ နောက်ဆုံး သူ့အမူအကျင့်တွေအထိ အရင်ကနဲ့နည်းနည်းမှ ဆင်တူမနေတော့‌ချေ။ အရင်ကထက် ပို‌သွေးအေးလာယုံသာမက ပြတ်သားခြင်းနဲ့  မိတ်‌ဆွေဖွဲ့လာတတ်လေသည်။ မျက်ကပ်မှန်ချွတ်ထားတဲ့ သူရဲ့မျက်လုံးတစ်စုံဟာလည်း အရင်လိုဆွဲဆောင်အားကောင်းတဲ့ အညိုဖျော့ရောင် မျက်ဝန်းများ ဟုတ်မနေတော့ချေ။ သမုဒ္ဓထက်နက်ရှိုင်းပြီး ခန့်မှန်းရမလွယ်တဲ့ မျက်ဝန်းတစ်စုံအဖြစ် ကူးပြောင်းသွားခဲ့သည်နှင့်အညီ ရက်စက်မှုတစ်စိတ်တစ်ပိုင်းလည်း ပျော်ဝင်နေခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် ဖုံးကွယ်ခဲ့တဲ့ ဆင့်ရဲ့ မျက်လုံးတစ်စုံက တကယ်ပဲ ဒီလိုအရောင်ပဲလား။

မလိုအပ်တော့ဘူး အရင်ချိန်‌တွေကို ပြန်တွေးနေစရာမလိုတော့ဘူး။ ဒါပေမယ့် ခံစားခဲ့ရတာ‌တွေအတွက် နစ်နာကြေးတော့ ပြန်ယူသင့်တယ်မလား

အနုပညာရှင် တိမ်ယံဆင့်အဖြစ်လည်း သူရှင်သန်ခဲ့ပြီးပြီ ။နတ်သားလို သူ့ကို အမြင့်မှာတင်ထားတာကိုလည်း ကြုံတွေ့ဖူးပြီး မြေပြင်ပေါ်ချနင်းနေတာမျိုးလည်း ခံခဲ့ရပြီးပြီ။ အဲ့လောက်မျိုးစုံခံစားခဲ့ရတာ တိမ်ယံဆင့်ဆိုတာ သေဆုံးသွားသင့်ပြီ မဟုတ်ဘူးလား။ လောကနိယာမတွေထဲမှာ အားနည်းပျော့ညံ့သူတွေက အမြဲတမ်းချနင်းခံနေရမှာပဲ.....ဒါကြောင့် သန်မာဖို့နည်းလမ်းကို သူရွေးချယ်ခဲ့တာ။ တိမ်ယံဆင့်မဟုတ်တဲ့ Alex အဖြစ်နဲ့လေ။

Hate Poem Written With Love࿐Où les histoires vivent. Découvrez maintenant