[43]

310 17 0
                                    

[Unicode]

စိတ်အခြေအနေ တည်ငြိမ်သွားသည့်အခါတွင် ပြဒါးရံအား သွားတွေ့ရန် ကိုယ့်ကိုကိုယ် မကြာခဏတွန်းအားပေးလျက် ချော့မော့နေသော်လည်း ထင်ထားသည့်အတိုင်း အဆင်ပြေမနေခဲ့သည်ပေ။ အရာအားလုံးက ခက်ခဲသည်ထက်ပိုနေသောကြောင့် ဖြစ်လေသည်။ တိမ်ယံဆင့်အတွက် ခက်ခဲသည်ဆိုသည်က မဖြစ်နိုင်သည့် ကိစ္စရပ်ဖြစ်သော်လည်း ပြဒါးရံနှင့်ပက်သက်လာလျှင် ဘာမဆိုဖြစ်နိုင်သည်မှာ ထိုသူနှင့်ပက်သက်သမျှသော အားနည်းချက်တွေထဲက တစ်ခုပင်ဖြစ်လေသည်။ ဆေးရုံပေါ်တွင် စိတ်ထောင်းကိုယ်ကျေဖြစ်နေသော ယွန်းဟေမီခမျာ ကုတင်ပါ်က ပြဒါးရံ၏ မျက်နှာကိုမြင်တိုင်း မျက်ရည်များက သူမမျက်ဝန်းအိမ်တွင် ခိုအောင်းနေတတ်ကာ ဝမ်းနည်းစိတ်က ဘေးတွင်ယှဉ်တွဲ၍ အဖော်ပြုနေတတ်ပါတော့သည်။ အကယ်၍များ ရံလေး နိုးလာတဲ့အခါကျရင် တိမ်ယံဆင့်ကို အကုန်ပြောပြခဲ့သည့်အတွက် ပြဒါးရံက သူမကို စိတ်နာသွားမလားမသိနိုင်ပေ။ ထိုကဲ့သို့ ဖြစ်သွားမည်ဆိုလည်း ကြည်ကြည်ဖြူဖြူ ယွန်းဟေမီလက်ခံနိုင်ပါသေးသည်။ လိုအပ်တာတစ်ခုထဲမှာ ပြဒါးရံ ပြန်နိုးလာဖို့ တစ်ခုထဲပင် ဖြစ်ပါလေတော့သည်။

" ရံလေး...... ဘယ်အချိန်ထိ ဆက်ပြီးအိပ်နေဦးမှာလဲ "

အသံတိုးတိုးလေးသည် အားနည်းလျော့ရွဲလှစွာဖြင့် ယွန်းဟေမီ၏ နှုတ်ခမ်းမှထွက်ကျလာလေသည်။ အကယ်၍ အသိစိတ်သာကပ်နေခဲ့လျှင် ယွန်းဟေမီမှာ မိမိ၏အသံဟု ယုံနိုင်ဖွယ်ရာ မရှိပေ။ အမြဲတတ်ကြွကာ ပြုံးရယ်တတ်သော သူမက အခုတော့ဖြင့် အားနည်းအထီးကျန်သည့် ပုံရိပ်အား ထုတ်ပြထားသလို ဖြစ်နေပါတော့သည်။ သက်ပြင်းချလိုက်ပြီး လက်ကောက်ဝတ်က နာရီကို ထုတ်ကြည့်လိုက်ချိန်တွင် သူမ၏အလုပ်ချိန်က အတော်လေးနီးနေပြီဖြစ်လေသည်။ ပိုက်ဆံအိတ်ကို လက်ကကိုင်လိုက်ပြီး စိတ်မကောင်းဖြစ်နေသော မျက်နှာထားနှင့် အခန်းထဲမှထွက်လာကာ အလုပ်ဆီသာ ဦးတည်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် အိပ်ခန်းထဲတွင် တစ်ကမ္ဘာတည်နေသော တိမ်ယံဆင့်ထံသို့ မမျှော်လင့်ထားသည့် ဧည့်သည်က ‌ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါတော့သည်။

Hate Poem Written With Love࿐Where stories live. Discover now