[63]

450 10 0
                                    

[ Unicode ]

မနက် 2နာရီခန့် ဝေလီဝေလင်းအချိန်လောက်တွင် ဟွမ် တစ်ရေးနိုးလာခဲ့ပြီး ဘယ်လိုမှ ဆက်အိပ်လို့မရနိုင်တော့ချေ။ နိုးလာချိန်တွင် ရေအလွန်ဆာနေသည့်အတွက် အခန်းထဲက နေရာအနည်းငယ်ကို မျက်လုံးဖြင့် ဝေ့ဝဲရှာလိုက်သော်လည်း ရေနဲ့တူတဲ့အရာ ဘာတစ်ခုမှ မတွေ့လိုက်ရပေ။ စောင်ပုံထဲက ထွက်ပြီးလမ်းလျှောက်ဖို့ပြင်လိုက်တဲ့အခါ နောက်ကျောက စူးစူးဝါးဝါး နာကျင်လာလေသည်။ ထိုကျောဘက်က အထိခိုက်မခံနိုင်လောက်အောင်ပင် နာကျင်လွန်းလှသည်။ သူနဲ့အလွန်ကြီးနေသော သျှားစစ်မီးလျှံ၏ အင်္ကျီအပွနဲ့ ပွတ်တိုက်မိတဲ့အခါ ရေခဲသားနှုတ်ခမ်းထက်ကနေ ခပ်တိုးတိုး ညီးသံကို ထွက်ပေါ်လာစေသည်။

မီးဖိုချောင်ထဲ လမ်းလျှောက်ထွက်လာပြီး ငွေမျှင်ရောင် ဆံပင်ရှည်များကို လက်နှင့်သပ်ကာ နားနောက်ပို့လျက် မျက်လုံးများကို ပြန်ပင့်တင်လိုက်သည့်အခါတွင် ဟွမ်ဟာ သျှားစစ်မီးလျှံ၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံမိလေသည်။ တစ်ချိန်တည်းမှာပင် အေးစက်နေတဲ့ ဟွမ့် နှုတ်ခမ်းများမှာ ဂရုတစိုက်နဲ့ ခပ်တင်းတင်း စေ့ပိတ်သွားကြသည်။

" အိပ်မပျော်ဘူးလား "

သျှားစစ်မီးလျှံက ပုံမှန်အတိုင်းမေးမြန်းလာလေသည်။

ဟွမ် ရေခဲသေတ္တာနားကို လျှောက်သွားလိုက်ကာ ရေတစ်ငုံအရင်ယူသောက်လိုက်ပြီး ပြန်ဖြေလိုက်သည်။

" အင်း "

ပြီးလျှင် ချက်ချင်းပြန်ထွက်သွားတော့မည် လုပ်နေသော ဟွမ်အား သျှားစစ်မီးလျှံတစ်ယောက် လှမ်းဆွဲထားကာ တားဆီးလိုက်သည်။ သူ့ပုံစံက လက်လွှတ်လိုက်ပါလျှင် ဟွမ်ထွက်ပြေးသွားတော့မည် ထင်နေသည့် အသွင်တို့နှင့်ပင်။

" စကားပြောရအောင် "

" ....... "

" ခဏလေးပါပဲ "

ထိုင်ခုံပေါ် ဝင်ထိုင်ကာ မျက်နှာထားတည်တည်နှင့် မလှုပ်မယှက်ဖြစ်နေသော သူ့အရှေ့ကလူကြောင့် သျှားစစ်မီးလျှံခမျာ ထိုလူသားကို ပိုမိုအခက်တွေ့အောင် လုပ်ချင်သော စိတ်ဆန္ဒတို့ကို ထိန်းချုပ်မထားနိုင်တော့ချေ။

Hate Poem Written With Love࿐Where stories live. Discover now