[21]

390 14 0
                                    

[Unicode]

တိမ်ယံဆင့်တို့နှစ်ယောက်က အလုပ်ကိစ္စကိုဘေးချိတ်ထားကာ စားသောက်ဆိုင်တွင် ဘဝတစ်ခုတည်ရန်အတွက် ဦးတည်ထွက်သွားကြသည်။ အချိန်အတော်ကြာသည်အထိ Modelရောက်မလာသောအခါ Camera men နဲ့တာဝန်ရှိသူအချို့က ပြဒါးရံဆီ အကျိုးအကြောင်းလာပြောကြလေသည်။ မထင်မှတ်ထားသည်က ပြဒါးရံမှာ CEO အာဏာဖြင့် တိမ်ယံဆင့်ကို အတင်းစေခိုင်းရမည့်အစား ထိုphoto shootingကို ဖျက်သိမ်းလိုက်ခြင်းကြောင့် လာအကြောင်းကြားကြသော လူများမှာ မျက်နှာငယ်လေးဖြင့် CEO ရုံးခန်းထဲကနေ ပြန်ထွက်လာကြသည်။

KKကပြောင်းလဲသွားပေသည်။ CEOကလည်း ပြောင်းလဲသွားသလို ပြဒါးရံကလည်း ပြောင်းလဲသွားသည်။ အရင်လိုလွတ်လွတ်လပ်လပ်နှင့် ထင်ရာစိုင်းတတ်သည့် ကောင်လေးမဟုတ်တော့ဘဲ တာဝန်ဟူသမျှထမ်းရွက်ထားသည့် အရည်အချင်းရှိသည့် boss တစ်ယောက်ဖြစ်လာ၏။ ပြဒါးရံကိုယ်တိုင် သူ၏ပြောင်းလဲလာသော အခြားတစ်ချက်ကို သတိထားမိသည်။ အလွဲပေါင်း‌များစွာဖြင့် သူတိမ်ယံဆင့်နှင့်စတွေ့ခဲ့သည်။ မျက်နှာချင်းဆိုင်တာနှင့် စကားများတတ်သော သူတို့နှစ်ယောက်၊ အချိန်နဲ့အမျှ ရင်းနှီးလာတဲ့ခါ ဘယ်သူမှမမြင်ဖူးခဲ့သော တိမ်ယံဆင့်၏ အသွင်မျိုးစုံကို သူမြင်ဖူးခဲ့သည်။

မာနကြီးပြီး မောက်မာတဲ့ နတ်ဘုရားလို တိမ်ယံဆင့်၊ ပြဒါးရံနှင့် စကားများ‌နေကြ ရန်လိုပြီး စွာတတ်တဲ့တိမ်ယံဆင့် ၊ ပန်ဒါမျက်လုံးတစ်စုံနှင့် ချစ်ဖို့ကောင်းသော တိမ်ယံဆင့် ၊ကားတိုက်မှုဖြစ်စဉ်က တစ်ဖက်သားကိုစိတ်ပူတတ်တဲ့ တိမ်ယံဆင့် ၊ ပြဒါးရံဆေးရုံတက်ရချိန်က နွေးထွေးတဲ့ တိမ်ယံဆင့် ၊ ညဈေးပွဲတော်က ရဟာတ်ယာဉ်ပေါ်မှာ အားနည်းအထီးကျန်ပြီး ငိုနေတတ်တဲ့ တိမ်ယံဆင့် ၊ တစ်ခါတစ်လေ ရှက်ရမ်းရမ်းကာ ထွက်ပြေးတတ်သော တိမ်ယံဆင့် အမှန်တိုင်းဝန်ခံရလျှင် ပြဒါးရံ၏ ဒီကာလတစ်လျှောက်လုံးက တိမ်ယံဆင့်နှင့် သက်ဆိုင်နေသည့်အရာများသာ လွှမ်းမိုးထားသော နေ့ရက်များဖြစ်သည်။ ထိုလူသားကို တစ်ခါတစ်ရံ ကာကွယ်ပေးချင်ပြီး တစ်ခါတစ်ရံနှစ်သိမ့်ပေးချင်သည်။ ပိုမိုရစ်နွယ်လာသော သံယောဇဉ်တွင် ပြဒါးရံက မိမိကိုယ်ကိုဖိအားပေးကာ လိမ်လည်မိသည်။ ဒါဟာသူငယ်ချင်း သံယောဇဉ်ပဲ။ ဟုတ်တယ် အရင်ကပေါင်းခဲ့တဲ့ သူငယ်ချင်းတွေနဲ့ ခံစားချက်ချင်း မတူညီပေမယ့် သူငယ်ချင်းသံယောဇဉ်ပင် ဖြစ်ရမည်။ ပြဒါးရံကထိုသို့တွေးနေခဲ့သလို ဆင့်ကကောဘယ်လိုတွေးနေခဲ့ပါသလဲ။ တိမ်ယံဆင့်သည်လည်း ပြဒါးရံနှင့် သိပ်ကွာခြားမနေခဲ့ပါချေ။

Hate Poem Written With Love࿐Onde as histórias ganham vida. Descobre agora