336 16 2
[Unicode]
ခြေလှမ်းအင်္သချေက ဦးတည်ရာမရှိ လျှောက်သွားနေပြီး ခန္ဓာကိုယ်တွင် ဝိညာဥ်မရှိသည့် လူတစ်ယောက်နှယ် အသက်မပါသည့် သဏ္ဍာန်ဖြင့် လမ်းမအလယ် လူတစ်ယောက်လျှောက်သွားနေလေသည်။ ဘာအသံကိုမှလည်း သူမကြားနိုင်ခဲ့သလို ဘယ်အရာကိုမှလည်း သူမမြင်နိုင်ခဲ့ပေ။ ခံစားချက်အစုံဟာ တစ်ချိန်ထဲမှာ ရောနှောဖြစ်တည်နေသည့်အတွက် ရူးသွားတော့မည်ဟုတောင် ခံစားနေရသည်။ နောက်ဆုံးပေါ်ပေါက်လာသည်မှာ ရှင်လျက်နှင့်သေနေသော လူတစ်ယောက်ပုံစံဖြင့် အိမ်ပြန်လမ်းကို လျှောက်လှမ်းရန်သာဖြစ်သည်။
တစ်ချက်တစ်ချက် ခွင့်မတောင်းဘဲ ဝင်ရောက်လာသော ထိုသူ့၏အဓိပ္ပါယ်မရှိသည့် စကားများသာ ပြန်ပြောင်းကြားယောင်နေခဲ့သည်။
" ကိုယ်ဆင့်ကို ရူးလောက်အောင်ချစ်တယ် "
" ဆင့် ကိုယ်မင်းကို အပိုင်သိမ်းထားချင်တယ် "
စောစောက ဒေါသထွက်‌နေသည့်စိတ်အခြေအနေကြောင့် သူဟာအရာရာကို စဉ်းစားနိုင်စွမ်းလျော့နည်း နေခဲ့သည်ကိုတော့ဝန်ခံပါသည်။ သေချာပြန်စဉ်းစားမိလျှင် ပြဒါးရံ ဖွင့်ပြောခဲ့သည်က ဖြစ်ရိုးဖြစ်စဉ်အတိုင်းမဟုတ်ဘဲ ယောက်ျားတစ်ယောက်မဟုတ်ပါလား။ ဘယ်ယောက်ျားလေးကများ အခြားယောက်ျားလေး တစ်ယောက်ကို ချစ်ခွင့်ပန်တာမြင်ဖူးလို့လဲ။ ဘယ်သူကကော ယောက်ျားလေးနှစ်ယောက် ချစ်ကြိုက်တာကို ကြည်ဖြူနိုင်မှာမို့လို့လဲ။ ပြဒါးရံဟာ အလွန်ကိုရယ်ချင်စရာကောင်းပေသည်။ မိန်းမတစ်ယောက်နဲ့ နမ်းရှိုက်လာခဲ့ပြီး သူ့ကိုကျတော့ ချစ်သည်တဲ့လား။ မိုက်ရူးရဲဆန်စွာ သောင်းကျန်းပစ်လိုက်ချင်သော်လည်း မဝံ့မရဲခံစားချက်များက ဆင့်ကို တားမြစ်ကာစီးထားလေသည်။ သို့သော်သူဟာ ထိုအကြောင်းအရာကို မစဉ်းစားဘဲမနေနိုင်ပါချေ။ သူ့ခေါင်းအတွင်းမှာ အပြည့်အကြပ်နေရာယူလျက် စိတ်အနှောက်အယှက် ပေးနေရုံသာမက ရူးသွပ်သွားအောင် တွန်းအားပေးလျက်ပါရှိသည်။
တစ်ကယ် ရူးသွပ်နေခဲ့ပြီပင်။ နှစ်ယောက်လုံး သွက်သွက်ခါအောင် ရူးနေခဲ့ကြပြီ ။သို့သော်မည်သူက ဆေးမမှီတော့သလဲ တိမ်ယံဆင့်လည်း မသိပေ။ လောကနိယာမတွေကို ဆန်ကျင်ပြီးဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတရားက ခိုင်မြဲနိုင်ပါ့မလား။ ပျော်ရွှင်နိုင်ဖို့ အာမခံလက်မှတ်ကို ဘယ်သူကမှ ထုတ်ပေးနိုင်မည်မဟုတ်ပေ ။ချောက်ကမ်းပါးအစွန်မှာ ရပ်တည်နေသောလူနှစ်ယောက်သဖွယ် အရာအားလုံးက ကိုယ့်ဆုံးဖြတ်ချက်ပေါ်မူတည်နေပြီး တစ်ချက်မှားသွားလျှင် အောက်ခြေထိပြုတ်ကျသွားမည်ဖြစ်သည်။ တိမ်ယံဆင့်က အဘက်ဘက်ကတွေးတောနေသော်လည်း ပြဒါးရံက ထိုကဲ့သို့မဟုတ်ပေ။ ထိုသူဟာမြိုသိပ်ထားရသည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် တစ်ဟုန်ထိုးတောက်လောင်နေသော ဆန္ဒမီးတောက်တို့သည် ငြိမ်းသတ်ရန် နည်းလမ်းမရှိဘဲ ပို၍စွဲစွဲမြဲမြဲလောင်မြိုက်လျက် ပြဒါးရံကို အဆုံးမရှိ တောက်လောင်စေသည်။
Hate Poem Written With Love࿐Onde as histórias ganham vida. Descobre agora