[2]

1.6K 47 2
                                    

Unicode /

တောက်ပတဲ့ အပြာရောင်မဟုတ်ဘဲ  အဖြူအဖြစ်ထင်မှားရလောက်အောင် မှိန်ဖျော့ပြာလဲ့သော မိုးပြာရောင်ကို ဝတ်ဆင်ထားသည်။အရောင်ရောယှက်ခြင်းအလျင်းမရှိဘဲ နှင်းကဲ့သို့ဖြူစင်သော နို့နှစ်ရောင် အသားအရေကိုပိုင်ဆိုင်ထားသည့်အပြင် စိုပြေလွန်းတဲ့အသားအရေကြောင့်ယောက်ျားလေးတစ်ယောက်တွင် ရှိသင့်သည့်အသားအရေဟုပင် ယုံရက်စရာမရှိပေ။

သို့သော် တောက်ပပြီး အရှိန်အဝါကြီးလွန်းတဲ့မျက်ဝန်းတစ်စုံကြောင့် အန္တရယ်များသော အငွေ့အသက်တစ်ခုကိုလည်း အမြဲတစေထုတ်လွှတ်ပေးနေသဖွယ်လည်း ရှိနေ ပြန်သည်။ ရံဖန်ရံခါတွင် ကန်ရေပြင်ပမာ အေးချမ်းတည်ငြိမ်သည့် အသွင်ပေါ်သည့်တိုင် အချို့အချိန်များတွင် အလျှံရွှန်းရွှန်းတောက်နေသည့် မီးတောက်သဖွယ် ၊ အကြည့်များနှင့်ပင်သေစေနိုင်သော အညှာအတာကင်းမဲ့လွန်းသည့် လူသတ်မျက်ဝန်းများသဖွယ်၊ ဘုန်းတန်ခိုးကြီးမားပြီး ကမ္ဘာမြေကို တုန်ဟီးစေနိုင်သည့်  ပြိုင်ဘက်ကင်းတန်ခိုးရှင် နဂါးဘုရင်၏ စူးရှထက်မြက်လှသည့်အကြည့်များကိုဒေါသထွက်နေချိန်တွင် ထိုမျက်ဝန်းများက ထုတ်လွှတ်ပေးလေ့ရှိလေသည်။ ဓားသွားသဖွယ် ဖြောင့်တန်းနေသောမျက်ခုံး နှင့် ထင်ရှားလွန်းလှသည့်မေးရိုးတို့က ယောက်ျားပီသကာ တည်ငြိမ်ခန့်ညားချင်းဘက်သို့ ဦးတည်ခေါ်ဆောင်လျက်ရှိသည်။ နှုတ်ခမ်းသားများမှာ ပါးလျပြီး နှင်းဆီပွင့်ဖတ်တစ်လွှာပမာ ဆွဲဆောင်မှုရှိလွန်းလှသည်။ဖြောင့်စင်းကာ သေသပ်လွန်းသောနှာတံကြောင့်ထိုယောက်ျားပျို၏ မျက်နှာသွင်ပြင်သည်  တင့်တယ်လွန်းလှပေသည်။

183cm ရှည်သောအရပ်ကြောင့် အများအာရုံစိုက်ချင်းကိုအမြဲတစေ ခံခဲ့ရသည့်အပြင် သေးသိမ်ကာ သွယ်လျသည့်တိုင် သန်မာကာကျစ်လျစ်ဟန်ပေါ်ပြီး ကျော့ရှင်း သည့်ခါးကြောင့် ထိုအရာအားလုံးအား ပိုင်ဆိုင်ထားသော  ယောက်ျားတစ်ယောက်မှာ လောကတွင်ပြိုင်ဘက်မရှိ ချောမောလှပသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသော တိမ်ယံဆင့်ပင်ဖြစ်တော့သည်။

16နှစ်ကပြီး ဆင့်အနုပညာလောကထဲ စဝင်ခဲ့သဖြင့် ယခုဆိုလျှင်4နှစ်မျှကြာသွားခဲ့ပြီ ဖြစ်သည်။ အောင်မြင်မှုဆိုသည့်အရာက ဆင့်အတွက်တော့ တန်ဖိုးမဖြတ်နိုင်သည့်ရတနာတစ်ပါးလိုပင်။ မနက်ခင်းတိုင်းမှာတွေ့မြင်ရလေ့ရှိသည့် သတင်းစာက သူ့ရဲ့ဓာတ်ပုံ၊ TVမှာအမြဲပါလာနေကျ သူ့ရဲ့ကောင်းမွန်လှသော သရုပ်ဆောင်စွမ်းရည်တွေဖြင့် ပုံဖော်ထားသည့် ဇာတ်လမ်းတွဲများ၊ ရေဒီယိုမှာ ကြားနေကျဖြစ်သည့် ဆင့်၏သတင်းများ စတာတွေဟာ ဆင့်၏အောင်မြင်ခြင်းအထိမ်းအမှတ်ကျောက်တိုင်များပင်ဖြစ်သည်။

Hate Poem Written With Love࿐Where stories live. Discover now