[33]

373 11 0
                                    

Unicode/

မျက်ရည်စက်တိုင်းမှာ ရာဇဝင်ဆိုတာရှိခဲ့ရင် အသင်္ချေတဲ့ မျက်ရည်များအတွက် ပုံပြင်တစ်ပုဒ်ဖြစ်တည်လာဖို့ အခွင့်အရေးရှိပါ့ဦးမလား။ ယုံတမ်းပုံပြင်တစ်ပုဒ်မှာ  မျက်ရည်များနှင့်သာ ဖွဲ့စည်းပျိုးထောင်ခဲ့လျှင် ပျော်ရွှင်မှုဆိုတာ ရှားပါးလွန်းတဲ့ ကျောက်မြတ်ရတနာလိုမျိုးလား။

လူတိုင်းအထင်မှားနေခဲ့ကြလေသည်။

မျက်ရည်ကျတိုင်း ပူဆွေးသောကရောက်နေသည်ဟုထင်လျှင် ဒီလူဟာပေါ်ယံကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ လူတစ်ယောက်သာဖြစ်ပါလိမ့်မည်။ ပျော်ရွှင်မှုကြောင့် ကျဆင်းလာတဲ့မျက်ရည်တွေမှာ အရာရာကိုရင်ဆိုင်ရဲတဲ့ ခွန်အားတွေအပြည့် ပါဝင်နေခဲ့ကြသည်။ အတိတ်နဲ့ပစ္စုပ္ပန်ရဲ့ လွန်ဆွဲမှုကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းဆိုတာ ကံစီမံရာရွေ့လျားနေတဲ့ တိမ်တိုက်တစ်ခုလိုဖြစ်တည်မှုလား။ မကုန်ဆုံးနိုင်တဲ့မေးခွန်းကြားမှာ အချိန်တွေသာကုန်ဆုံးလာခဲ့ပြီး အဖြေရှာမရတဲ့ပဟေဠိအတွက် နေသာတဲ့နေ့ရက်တွေသာ ဆုတောင်းနေမိသည်။

အချိန်ဆိုတာနောက်ပြန်လှည့်လို့မရပေမယ့် အရင်အချိန်တွေကိုတော့ ပြန်လွမ်းလို့ရနိုင်ပါသေးသည်။ တိမ်ယံဆင့်အတွက် ပြဒါးရံနဲ့ဆက်နွယ်ခဲ့တဲ့ အချိန်တိုင်းမှာ ပျော်ရွှင်တာတွေလည်းရှိခဲ့သလို့ ထိုပျော်ရွှင်မှုတွေကလည်း ကြာရှည်မခံတဲ့အချိန်တွေလည်း ရှိခဲ့ဖူးသည်။ တိမ်ယံဆင့်တို့ ချစ်သူသက်တမ်း တစ်နှစ်နီးပါးကြာမြင်လာခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မှ မရိပ်မိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အပြင် ထုံးစံအတိုင်းရုံးခန်းထဲမှာ ချစ်ကြည်နူးတစ်တီတူး နေခဲ့ကြသည်။

" ဆင့်....ငါမင်းကိုပြောမလို့။ မနက်ဖြန်ငါအရေးကြီး သွားစရာရှိ.....အား... !! "

" ရှင်း ! "

" မင်းတို့ဘာလုပ်နေကြတာလဲ "

" ငါရှင်းပြမယ် "

" မင်းတို့နှစ်ယောက်အပြုအမူလေး ဂရုစိုက်ပါဦး။CEO ရုံးခန်းဆိုပေမယ့် companyမှာနော် "

Hate Poem Written With Love࿐Where stories live. Discover now