[59]

302 10 2
                                    

[Unicode]

လက်ရှိတွင် သူတို့နှစ်ယောက်လုံးမှာ လမ်းဘေးဆိုင်တစ်ခုတွင် ရောက်နေခြင်းဖြစ်ကာ ရှင်းက ထိုဒေသထွက် အစားအစာများကို သိပ်သဘောမတွေ့သော်လည်း ကိုးလ်ကတော့ အတော်လေးကြိုက်နှစ်သက်သည် ထင်ပေသည်။ မရပ်မနားစားနေခဲ့သည်မှာ နောက်ဆုံးတွင် လမ်းပင်မလျှောက်နိုင်တော့သည်အထိ ကိုယ်ဝန်သည် သုံးလဗိုက်ကလေးလို အနည်ငယ်ဖောင်းကာ လုံးဝန်းနေမည်ကို တွေးကြည့်လိုက်ရုံဖြင့် ရှင်းခမျာ ရယ်ချင်လာရသည်။

" ဖွီး "

ရယ်သံသည် မအောင့်အီးနိုင်သည့် နောက်ဆုံးတွင် အပြင်ဘက်သို့အသံထွက်သွားလေသည်။

" ဟင် ! "

အသံတစ်ချက်ပြုလျက် ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ထိုင်နေသော ကိုးလ်က မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် နားမလည်နိုင်သော အမူအယာလုပ်လျက် မော့ကြည့်လာပြီး ခဏအကြာတွင် အကြောင်းအရာကို သိသွားသည့် ပုံစံဖြင့် နားရွက်ဖျားများက နီလာကာ ပါးပြင်မှာ အသားရောင်မှပင် အရောင်းပြေးလေးတစ်ခု ဖြတ်ပြေးသွားလျက် ခေါင်းပြန်ငုံ့သွားလေသည်။

" ဘာဖြစ်တာလဲ "

ရှင်းက ရယ်သံစွက်လျက် မေးလိုက်သည့်အခါ ထိုလူသားမှာ ခေါင်းပြန်ခါပြလာလေသည်။

" ကိုယ့်ကိုယ်ပြောလေ မင်းမပြောရင် ကိုယ်ကသိပါမလား "

" ......... "

" ကျွန်တော်က ရယ်စရာကောင်းနေလား "

မဝံ့မရဲဖြစ်နေသည့်အသံသည်ကား တိုးဖွဲ့ဖွဲ့လေး ထွက်ပေါ်လာလေသည်။

" မဟုတ်ပါဘူး "

" ဒါဆို..... "

" မင်းက အရမ်းချစ်ဖို့ကောင်းနေလို့လေ ....ဒါကြောင့်ကိုယ်မထိန်းနိုင်ဘဲ ရယ်လိုက်မိတာ "

ခေါင်းငုံ့ထားလျက်မှပင် ကိုးလ်တစ်ချက်ပြုံးလိုက်သည်ကို တစ်ခဏလေးဆိုသော်လည်း လေပြေရှင်းတစ်ယောက် အမိဖမ်းလိုက်နိုင်လေသည်။

" ဗိုက်ဝပြီလား "

" အင်း "

" အမှတ်တရအဖြစ် ဈေးထဲမှာ ဝယ်ချင်တာရှိသေးလား "

Hate Poem Written With Love࿐Where stories live. Discover now