[40]

385 17 6
                                    

[Unicode]

TV ဖန်သားပြင်ထက်က သတင်းကြေညာသူထံတွင် ခေါင်းစီးပိုင်းမှပါလာသည့် သတင်း။ စစမြင်လိုက်ရခြင်းတွင် ရှင်း သူ့မျက်လုံးများနှင့် အကြားအာရုံကပင် ချို့ယွင်းသွားပြီလားဟု သံသယဝင်မိသည်။ သို့သော်ငြား ၎င်းသတင်းမှာကား အမှန်ပင်ဖြစ်လေသည်။ KK Company ရဲ့ပိုင်ရှင်အသစ်နေရာမှာ Alex  ဆိုတဲ့နာမည်က အထင်းသား။ မသိပါလျှင် ကျောက်သားနံရံထက်မှာ ထွင်းထုထားသည့် စာလုံးများအတိုင်း ၎င်းသည်လည်း မပျက်မယွင်း ပိုမိုထင်းရှားလာလျက်ရှိသည့် အသွင်ဖြင့်။

" ရူးသွားပြီလား "

TV ကိုကြည့်ရင်း ရှင်း၏အမျက်ဒေါသမှာ ငယ်ထိပ်တက်သွားလေတော့သည်။ တိမ်ယံဆင့်၏ အခန်းထဲအလောတကြီး ဝင်သွားလိုက်ပြီး ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ဆင့်ကို လှုပ်နှိုးလိုက်သည်။ အနည်းငယ်လှုပ်ရွလာသော်လည်း ဆင့်၏ မျက်လုံးများကတော့ ပွင့်မလာခဲ့ပေ။

" တိမ်ယံဆင့် .... မင်းမထလာရင် ငါရေဖျန်းလိုက်တော့မယ် "

အမှန်တစ်ကယ်တော့ ဆင့် နိုးနေခဲ့တာ ကြာပြီဖြစ်လေသည်။ တမင်တကာမထချင်၍သာ အိပ်ချင်ယောင်ဆောင်နေ‌ခဲ့သော်လည်း ရှင်းကပြောရင် ပြောတဲ့အတိုင်းလုပ်တတ်တဲ့ စရိုက်ရှိတာကြောင့် အိပ်ယာထဲမှာ စက္ကန့်အနည်းငယ် လူးလိမ့်လိုက်ရင်း အသံပေးလိုက်သည်။

" မင်းနောက်ခါကျရင် ငါ့အခန်းထဲမဝင်လာခင် တံခါးခေါက်လို့ရမလား "

သို့သော် လေပြေရှင်းက မကြားချင်ယောင်ဆောင်လိုက်ပြီး သူသိချင်တာကိုသာ မေးမြန်းလာခဲ့ပါသည်။

" KK ရဲ့ ရှယ်ယာတွေကိုဝယ်ပြီး မင်းဘာလုပ်ချင်‌နေတာလဲ "

" ငါပြောပြရင်ကော မင်းက ဘာတက်နိုင်မှာလဲ "

" ငါမေးတာကိုပဲ ဖြေစမ်းပါ ဆင့်.... မဟုတ်မှလွှဲရော..... "

ရှင်း ဆက်ပြီး မစဉ်းစားရဲပါချေ။ သူ့သူငယ်ချင်းက အရာအားလုံးကို ဝါးမြိုပစ်မည့် နတ်ဆိုးတစ်ကောင်လိုမျိုး ပြောင်းလဲသွားမှာကို အတွေးထဲမှာတောင် ရှင်း တွေးမကြည့်ရဲဘူး။

သို့သော် တိမ်ယံဆင့်မှာ လေပြေရှင်း၏ အတွေးပုံရိပ်ထဲမှ စကားတို့ကို သူ့နှုတ်ခမ်းများနှင့် တစ်လုံးချင်းပြောလာခဲ့သည်။

Hate Poem Written With Love࿐Hikayelerin yaşadığı yer. Şimdi keşfedin