[10]

696 28 3
                                    

                         [Unicode]

တစ်ညတည်းဆိုလျှင် ၎င်းမှာအဆင်ပြေနေပါသေးသည်။ သို့သော်တိမ်ယံဆင့်မှာ ထိုသို့မြင်မက်ပြီးချိန်မှစ အိပ်ပျော်ရန်မှာ မဖြစ်နိုင်တော့ပါချေ။ ထို့ကြောင့်မအိပ်ဘဲ ဆိုဖာပေါ်မှာ ကုတင်ပေါ်မှာ စသည့်ဖြင့်အိမ်၏နေရာပေါင်းစုံတွင် ထိုင်နေခဲ့ခြင်း ၊ရပ်နေခဲ့ခြင်း ၊ငေးငိုင်နေခြင်းများမှာ များပြားလာသဖြင့် ၃ , ၄ ရက်ဆက်လာခဲ့သည်။ ထိုပြင်ခုနောက်ပိုင်းအခြေအနေကြောင့် ဖြစ်ပေါ်လာသော " သတ်လိုက် ကိစ္စမရှိဘူး " ဟူသောအိပ်မက်အသစ်ကလည်း စက်ဆုတ်ဖွယ်ကောင်းအောင် ရှိနေသေးသည်မဟုတ်ပါလား။ ထိုကဲ့သို့ဖြင့် အကျိုးဆက်မှာ အခြားလူအတွက် ထူးခြားပြီး ပြဿနာမဖြစ်သော်ငြား တိမ်ယံဆင့်အတွက်တော့ မိုးပြိုသည်ထက်ဆိုးအောင် ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။ ‌

၅ရက်မြောက်နေ့တွင်မူ သူမှန်ရှေ့ရပ်နေချိန်၌ မရင်းနှီးသောမျက်နှာတစ်ခု ကို မြင်လိုက်ရပေသည်။ မျက်နှာအစိတ်အပိုင်းအားလုံးမှာ သေချာကြည့်လျှင်မူ သူနှင့်တစ်ပုံစံထဲပင်။ အမွှာတွေအလား ခွဲမရအောင်ချွတ်စွပ်တူသော်လည်း ထိုမှန်ထဲကသူကဲ့သို့ စူးရှထက်မြလှသော မျက်ဝန်းတစ်ဝိုက်တွင် အမည်းရောင်colourများ ယခင်ကသူ့ထံရှိမနေပေ။

" ဒါကဘာတွေလဲ ဘယ်တုန်းက ငါ့မျက်နှာပေါ်ရောက်နေတာလဲ "

ပြောရင်းဆိုရင်းဖြင့် မျက်နှာအား ရေနှင့်အထပ်ထပ်အခါခါ ဆေးကြောနေတော့သည်။ သို့သော် ထိုအရောင်များက တိမ်ယံဆင့်ကို အလွန်အမင်းချစ်ခင်ပြီး တမ်းတမ်းစွဲဖြစ်နေဟန်တူသည်။ အနည်း‌ငယ်တောင် မှေးမှိန်သွားခြင်းမရှိဘဲ ဖြူဖွေးလှပါသော မျက်နှာထက်ရှိ မျက်ဝန်းတစ်ဝိုက်တွင် ညိုမဲနေသည်မှာ တိရိစ္ဆာန်ရုံမှချစ်စဖွယ် ပန်ဒါလေးအလားပင်။ ရုပ်ရည်ရူပါမှာ မျက်ဝန်းမှလွဲ ကျန်သည့်အဆင်းမှန်သမျှ လှပခန့်ညားခြင်းအတိ ပြီးလျက်ရှိသော်ငြား ကာယကံရှင်မှာ အရုပ်ကြိုးပြတ်လျက် နောင်တကြီးစွာရနေလေပြီ။

လေပြေရှင်းတစ်ယောက် တက်ကြွမှုအပေါင်းကိုဆင်မြန်းလျက် ယနေ့မနက်၉နာရီတွင်ရှိသော photo shooting ၏ model အားလာရောက်ခေါ်ဆောင်ရန် condo ရှေ့သို့ ၇ နာရီထဲကအရောက်လှမ်းလာခဲ့ရသည်။ ဝတ်ထားသောအဖြူရောင်နှင့် စမတ်ကျလိုက်ဖက်နေသောရှင်းသည် ချစ်လှစွာသော သူငယ်ချင်း၏ condoရှေ့၌ ဘဲလ်မတီးဘဲ  password ရိုက်ထည့်ကာ အထဲသို့စီးနင်း ဝင်‌ရောက်လာခဲ့သည်။ အထဲသို့ဝင်လိုက်ချင်းပင် အခြားကမ္ဘာတစ်ခုနှယ် ရောက်ရှိသွားသလားလို့ မိမိကိုယ်ကိုမနည်းပြန်လည် ဆန်းစစ်လိုက်ရသည်ပင်။

Hate Poem Written With Love࿐Where stories live. Discover now