[64]

321 9 10
                                    

[Unicode]

တိမ်ယံဆင့်က အိပ်ချင်စိတ် ပြယ်ချင်သွားပြီဖြစ်ကာ  ပြဒါးရံကို ကုတင်ပေါ်က ချက်ချင်းတွန်းဖယ်လိုက်ပြီး ရေချိုးခန်းထဲဝင်ကာ အသိစိတ်ဝင်သွားအောင် မျက်နှာကို ရေအေးအေးနဲ့အကြိမ်များစွာ ပျက်ဖြန်းလိုက်လေသည်။ ထိုအခါမှ ပူထူနေသောသူ့မျက်နှာမှာ ရေအေးတို့နဲ့ထိတွေ့မှုတွေကြောင့် အငွေ့ပျံထွက်သွားသည်ဟုပင် ထင်လိုက်သေးသည်။ မှန်ထဲမှာပေါ်နေတဲ့ ကိုယ့်ကိုကိုယ် စေ့စေ့စပ်စပ်စိုက်ကြည့်လိုက်ပြီး ပြန်ထွက်လာချိန်တွင် ပြဒါးရံက ရှိမနေခဲ့တော့ပေ။ တိမ်ယံဆင့်က သူကိုယ်တိုင် ယွန်းဟေမီထံသွားရန် ဆုံးဖြတ်ချက်ချလိုက်ပြီး ထိုဆုံးဖြတ်ချက်ကို ချက်ချင်းအကောင်အထည်ဖော်လိုက်သည်။

အခန်းထဲကထွက်လိုက်ပြီး နေရာအနည်းငယ် လျှောက်သွားလိုက်ရုံသာရှိသေး ယွန်းဟေမီကို  ဒုတိယထပ်က ဝရံတာမှာ တွေ့လိုက်ရလေသည်။ သူမက တိမ်ယံဆင့်ကိုမြင်သော်လည်း ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိဘဲ တစ်ချက်သာစောင်းငဲ့ကြည့်လာပြီး ပင်လယ်ဘက်ကို ပြန်ငေးကြည့်နေတော့သည်။

" မမဟေမီ ကျွန်တော့်ကိုလာရှာတာ ပြောစရာတစ်ခုခုရှိနေလို့မဟုတ်လား "

" ဆင့်က အစထဲက ရိပ်မိနေခဲ့ပြီးသားပဲ "

သူမက အလွန်အမင်းညှိုးငယ်သော မျက်နှာထားနှင့် စိုးရိမ်ပူပန်နေသော အသံတို့ကိုအသုံးပြုကာ ဆင့်ကို တောင်းဆိုလာသည်။

" မမကို မာယာသစ္စာနဲ့ပက်သက်တဲ့ အချက်အလက်တွေ လွှဲပေးပါ။ ဆင့် အစထဲက အရင်ကကိစ္စတွေကို ပြန်စုံစမ်းနေတာမဟုတ်လား.....မာယာက သူ့အပြစ်တွေအတွက် ပြန်ပေးဆပ်ရမဲ့ တာဝန်ရှိတယ်ဆိုပေမယ့် အချိန်ခဏလေးပဲ ထပ်စောင့်ပေးပါ။ မမကိုယ်တိုင်..."

" သူကကျွန်တော်နဲ့ ရံ့ကို လုံးဝဝေးကွာသွားစေခဲ့တာ။ သူလုပ်ခဲ့တဲ့ အဲ့ပြဇာတ်ထဲမှာ အမေရယ်၊ ကျွန်တော်ရယ် ၊ကိုရံရယ်က ဓားစာခံလုံးလုံးဖြစ်ခဲ့တာ။ ကံကြမ္မာက တစ်ဖန်ပြန်လည်လာတော့မှ သူ့အတွက် ကျွန်တော်က သဘောထားကြီးစွာ ကျေအေးပေးလိုက်ရမှာလား။ "

Hate Poem Written With Love࿐Where stories live. Discover now